သျှမ်းတပ်(၂)တပ်တိုက်ပွဲကြောင့် ထွက်ပြေးနေသည့် စစ်ရှောင် (၃၀၀၀)ကျော် နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း သျှမ်းတပ်(၂)တပ် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်(၃၀၀၀)ကျော်သည့် ယနေ့ချိန်ထိ နေရပ်သို့ မပြန်ရသေးကြောင်း စုံစမ်းသိရသည်။

ဇွန် (၁)ရက်မှ စတင်ကာ သျှမ်းတောင် ကျေးသီးမြို့နယ် အတွင်းရှိ လွယ်ဟွန်းတောင် ကြောတလျောက်တွင် မြေအငြင်းပွားမှုကြောင့် သျှမ်းတပ် (၂)တပ်ဖြစ်သည့် RCSS/SSAနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိ လွယ်ဟွန်းတောင်ကို SSPP/SSA တပ်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ဘေးရှောင်များ မိမိနေရပ်ကို ပြန်နိုင်ကြောင်း လည်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ယမန်နေ့ (ဇူလိုင် ၁၂)ရက်တွင်ဖြေကြားခဲ့သည်။

“ လွယ်ဟွန်းတောင်ကို ကျနော်တို့ ရလိုက်ပါပြီ။ တိုက်ပွဲက ပြီးသွားပြီ၊ စစ်ဘေးရှောင်တဲ့ပြည်သူတွေ နေရပ်ပြန်လိုပါကပြန်နိုင်ပါပြီ။ RCSS ဘက်ကသာ ပြန်လာမတိုက်ရင်တော့ တိုက်ပွဲ့ ကျနော်တို့ဘက် အောင်မြင်စွာ ပြီးဆုံးသွားပါပြီ” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောဆိုခဲ့သည်။

သို့သော် ယမန်နေ့ ည အချိန်ထိ လက်နက်ကြီးသံ၊ သေနတ်သံများ ဆက်တိုက် ကြားနေရသဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ကြောက်နေကြောင်း၊ ထို့ကြောင့် စစ်ရှောင်များ ယနေ့ချိန်ထိ မပြန်ရဲသေး ကြောင်း ကျေးသီရောက်စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မနေ့က လက်နက်သံတော့ ကြားနေရသေးတယ်လို့ပြောတယ်။ စစ်ရှောင်တွေကတော့ ကြောက်လို့ မပြန်ရဲကြသေးဘူး” ဟု စစ်ရှောင်အမျိုးသား က ဆိုသည်။

ယခုလပိုင်း ကျေးသီးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှုရှိလာသဖြင့် စစ်ရှောင်တချို့ ရောဂါကြောက်ကာ နေရပ်ပြန်သွားသည့် သူများရှိကြောင်းသိရသည်။

ထိုနည်းတူ မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုအတွင်းရောက်ရှိနေသည့် စစ်ရှောင်(၇၀၀)ကျော်လည်း လက်နက်ကြီးသံ ကြားနေရသဖြင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း သတင်းရရှိသည်။

“လက်ရှိ စစ်ရှောင်စာရင်းက မတိုးမလျော့သေးပါ။ လွယ်ဟွန်းနဲ့ နီးတဲ့ ရွာတွေက ဇူလိုင် (၁၁) ရက်နေ့ညက လက်နက်ကြီးသံ တညလုံးကြားရတယ်။ အခုထိ မပြန်ရဲသေးဘူးဧ ဟု စစ်ရှောင်များကို သွားရောက် ကူညီပေးနေသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လွယ်ဟွန်းတောင်ကို အကြောင်းပြပြီး တလကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည့် သျှမ်းတပ် (၂)တပ်ကြောင့် အရပ်သား (၂)ဦး ကျည်ထိမှန်ခဲ့ပြီး၊ စစ်ဘေးရှောင် (၃၇၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သျှမ်းတပ်(၂)တပ် တိုက်ပွဲရပ်တန့်ရေးအတွက် သံဃာတော်များ၊ ပြည်သူများက အကြိမ်ကြိမ်တောင်းဆို ခဲ့သော်လည်း သျှမ်းတပ်(၂)တပ်မှ နားထောင်ခဲ့ခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...