Wednesday, January 28, 2026

ကျောက်မဲတွင် မြို့မရဲစခန်းမှ အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉ တွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် မြို့မရဲစခန်း တွင် ယနေ့ (ဇူလိုင် ၁၂)ရက် မနက်ပိုင်းတွင် အကျဉ်းသား (၁၄)ဦး ကိုဗစ်-၁၉ တွေ့ရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင် ၁၂) ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့ မြို့မရဲစခန်းမှ အကျဉ်းသား (၁၅) ဦးကို ကိုဗစ်-၁၉ စစ်ဆေးရာ (၁၄) ဦး တွေ့ရှိပြီး၊ ကျောက်မဲ ရပ်ကွက် (၁)မှ ကလေး (၂) ဦး အပါအဝင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ (၃၅)ဦးတွေ့ရှိခဲ့ကြောင် သတင်းရရှိသည်။

“မြို့မ ရဲစခန်းက အကျဉ်းသား (၁၅) ယောက်မှာ (၁၄) ယောက်က ကိုဗစ်ပိုးတွေ့တယ်၊ ပြီးတော့ ရပ်ကွက်ထဲက ကလေး နှစ်ဦး အပါအဝင် အသွားအလာကန့်သတ်ထားတဲ့ သူတွေကနေလည်း ထပ်တွေ့တယ်၊ ဒီနေ့မှာ စုစုပေါင်း ကိုဗစ် အတည်ပြုသူနာက ၃၅ ဦးရှိပါတယ်” ဟု ကျောက်မဲမြို့က နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ ဥက္ကဌဖြစ်သူ ဦးစိုင်းငွေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ယနေ့ ဇူလိုင်လ ( ၁၂ ) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ( ၁၇၉ ) ဦးတွေ့ရှိထားပြီး အတည်ပြုလူနာများအနက် (၄) ဦးသေဆုံးသွားကြောင်းနှင့် ပြည်သူများ ကျန်းမာရေး ကို အရင်ကထက်ပိုမို ဂရုစိုက်ကြရန်လည်း ဦးစိုင်းသိန်းငွေက ပြောသည်။

“ကျနော်တို့ကျောက်မဲမြို့မှာ ကိုဗစ်က များလာပြီ၊ ကိုဗစ်ကြောင့် သေဆုံးသူလည်း ၄ ဦးရှိနေပြီဖြစ်လို့ ပြည်သူတွေ အရေးမကြီးရင် အပြင်မထွက်ကြဖို့၊ ပြီးတော့ ထွက်ရင်လည်း Mask သေချာတပ်ဖို့၊ ကိုယ့်ကျန်းမာရေးကို အရင်ကထက်ပိုဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်း၌ ကူညီလုပ်ဆောင်ပေးနေသာ လူမှုကူညီရေးအသင်း နှင့် ပရဟိတ သမားများအတွက် PPE၊ လက်အိတ်ကဲ့သို့သော အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်ကြောင်း သိရသည်။

ဇူလိုင်လဆန်းမှစပြီး ကျောက်မဲမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ် သည့် အနေဖြင့် ဗဟိုမြို့မဈေး၊ နံနက်ခင်းဈေးနှင့် ညဈေးတို့ကို ပိတ်ထားပြီး အခွန်လွတ်ဈေးတစ်ခု ကိုသာ ဖွင့်ခွင့်ပေးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...