Wednesday, January 28, 2026

ပင်လုံမြို့ မီးမီတာခ မဆောင်သည့်အိမ်များ မီးဖြတ်ခံရ

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့တွင် မီတာခမဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးမှ မီတာဘောက် လာရောက်ဖြုတ်ကာ မီးဖြတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဇူလိုင် ၂ ရက်နေ့တွင် ပင်လုံမြို့ပေါ်ရှိ ပြည်သူများကို မီတာခ လာဆောင်ရန် မဆောင်ပါက မီတာဘောက်ဖြုတ်မည် ဟု ခြိမ်းခြောက်မှုများပြုလုပ်ကာ တချို့ နေအိမ်မှား မီးမီတာဘောက်ဖြုတ်လိုက်ကြောင်း ပင်လုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ကျနော်တို့က မီတာခသွားဆောင်ခိုင်းတာ။ မဆောင်ရင် အိမ်ထိ မီးသုံးခွင့်ကို လာပိတ်ပစ်မယ်လို့ပြောတယ်။ ဒီလထဲမှာဘဲ မြို့သစ်မှာ မီတာခ မဆောင်လို့ဆိုပြီး သူတို့ မီတာပေါက်လာဖြုတ်ပစ်တယ်။” ဟု ပင်လုံမြို့အမျိုးသား ဒေသခံတစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအနေဖြင့် အခွန်မဆောင်ခြင်းအနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီဖက်မှ ဇူလိုင်လ အတွင်းမီတာခများကို ဆောင်ခိုင်းခဲ့ကြောင်း၊ ပြည်သူများ အနေဖြင့် မီးမရရှိပါက အခက်ခဲများစွာရှိလာသောကြောင့် မီတာခဆောင်ခဲ့ရသူများလည်းရှိကြောင်း ပင်လုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်.

“ ကျနော်တို့လဲ မတက်နိုင်ဘူးလေ။ မထည့်ရင်လဲ သူတို့က မီးလာပိတ်ပစ်မယ်။ မီးပိတ်ရင်လဲ ကျနော်တို့အတွက်က ခက်ခဲတယ်လေ။ မီတာခသွားဆောင်တော့လည်း ကျနော်တို့ သူတို့ကို ထောက်ခံသလိုဖြစ်နေအုံးမယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

ပင်လုံမြို့တွင် မီတာဘောက် စုစုပေါင်း( ၇၀၀၀) ကျော်ရှိပြီး မီတာမဆောင်သည့် မီတာဘောက် (၂၀၀) ကျော်ကျန်ရှိ ကြောင်း သိရသည်။

၂၀၂၀ ခုနစ် ကိုဗစ် ၁၉ ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရမှ ပြည်သူများ စားဝတ်နေရေးခက်ခဲ သောကြောင့် အခွန်များကို ဖြေလျော့ပေးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ စစ်အာဏာရှင်ကို အလိုမရှိကြောင်း နည်းမျိူးစုံဖြင့် ဆန္ဒပြခဲ့ပြီး အခွန်မဆောင်ခြင်းဖြင့်လည်း စစ်အာဏာကို ဆန့်ကျင်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...