Friday, May 17, 2024

လားရှိုးမြို့မှ အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံး

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ယနေ့ (ဇွန် ၂၅) ရက် တွင် အမျိုးသားတစ်ဦး ထပ်မံသေဆုံးရကြောင်း သိရသည်။

ယနေ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသည့် အမျိုးသားသည် လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေသည့် သူဖြစ်ပြီး၊သေဆုံးသွားသည် သေဆုံးခန္ဓာကိုယ်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပရဟိတကွန်ယက် (လားရှိုး)မှ လားရှိုးမြို့ရှိ ကြာကန် သုသာန်တွင် မီးသဂြိုဟ်ပေးခဲ့ကြောင်း အသင်းတွင် ပါဝင်ဆောင်ရွက် ပေးခဲ့သူ တစ်ဦးထံမှ သိရသည်။

ယမန်နေ့ (ဇွန် ၂၄)ရက် မနက်ပိုင်းတွင်လည်း မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေသည့် ပိုးတွေ့ လူနာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသေဆုံးခဲ့ပြီး၊ ဇွန် ၂၃ရက် တွင်လည်း ကိုဗစ်-၁၉ တွေ့ရှိသည့် သတင်းထွက်လာပြီးနောက် အမျိုးသားတဦးလည်း ကိုယ့်ကိုယ်အဆုံးစီရင်ခဲ့သည်။

လားရှိုးမြို့တွင် ကိုဗစ်(၁၉) ကူးစက်ခံရသူ များပြားလာနေပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများလည်း နေ့စဉ် ဆိုသလို ရှိလာကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article