စစ်ကောင်စီ မှ သေနတ်ပစ်သတ်လိုက်သည့် သီပေါလူငယ်တွင် ရက်သား ကလေးကျန်ခဲ့

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် ယမန်နေ့ (ဇွန် ၂၃)ရက် ည (၉ )နာရီ ဝန်းကျင်တွင် စစ်ကောင်စီ လက်ချက်ဖြင့် အရပ်သား(၁)ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ မွေးကင်စ ရက်သားကလေး ကျန်ခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါမြို့ မြန်မာရပ် ရပ်ကွက်ရုံးရှေ့တွင် ယမန့်နေ့ ည ၉ နာရီဝန်းကျင်တွင် ဆိုင်ကယ်စီးလာသည့် လူငယ် (၂) ဦးကို စစ်ကောင်စီမှ လိုက်ပစ်ရာတွင် လူငယ်တစ်ဦး ခေါင်းကျည်းထိမှန်ပြီး သေဆုံးသွားကြောင်း၊ ထို သေဆုံးမှုကို ဆိုင်ကယ်မှောက်ပြီး သေဆုံးသည်ဟုသာ ပြောဆိုရင် လည်း စစ်ကောင်စီက ပြောဆိုခဲ့သည်။

စစ်ကောင်စီ မှ ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်ပြီး သေဆုံးသွားသူသည့် အသက်(၂၇)နှစ် အရွယ် ကိုအောင်မင်းသူ ထံတွင် မွေးကင်းစ (၂၂)ရက်သာရှိသေးသည့် ကလေးငယ်တစ်ဦး ကျန်ရှိနေကြောင်း သိရသည်။

“ မနေ့က လူငယ် (၂)ဦး ဆိုင်ကယ်စီးလာတယ်။ မြန်မာရပ် ရပ်ကွက်မှာ ကင်းလှည့်နဲ့ တွေ့တော့ သူတို့ကိုရပ်ခိုင်းတာ၊ မရပ်လို့ဆိုပြီး ပစ်တယ်။ သေနတ်သံ (၈)ချက် လောက်ရှိတယ်။ ကိုအောင်မင်းသူ ရဲ့ ဦးခေါင်းကိုထိပြီး သေဆုံးသွားတယ်။ သူမှာက (၂၂)ရက်သာရှိသေးတဲ့ကလေး ကျန်ခဲ့တယ်” ဟု သီပေါမြို့ခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့အပြင် ကိုအောင်မင်းသူနှင့် အတူ လိုက်ပါသည့် လူငယ်(၁)ဦးသည် ကျည်အနည်းငယ်သာထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်သည် နိုင်ငံရေး ကိစ္စ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ PDF တပ်ဖွဲ့ဝင်လည်းမဟုတ်ကြောင်း၊ သို့သော် စစ်ကောင်စီဘက်မှ သတင်းကိုဖုံးကွယ်ရန် အတွက် ထိုလူငယ်သည PDF တပ်ဖွဲ့ဝင်ဖြစ်ပြီး ဆိုင်ကယ်မှောက်ပြီး ဆုံးပါးသွားသည် သတင်း လွှင့်နေကြောင်း သီပေါမြို့ ဒေသခံများက ပြောသည်။

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်အောင်မင်းသူ ၏ ကျန်ရစ်ခဲ့သည့် အမျိုးသမီးမှာ စားဝတ်နေရေးအတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း၊ လက်ရှိမှာ ရက်သားကလေးနှင့် ကျန်ရစ်ခဲ့သဖြင့် ရုန်းကန် ရှာဖွေရန် ခက်ခဲနေကြောင်း လည်း ၎င်း၏ အမျိုးသမီး က စိတ်မကောင်းစွာပြောသည်။

“ ကျမမှာ သူရဲ့အသုဘချဖို့ပိုက်ဆံတောင်းမရှိဘူး။ သူများနား ချေးထားရတယ်။ ကလေးကလည်း မွေးပြီးတာ (၂၂ ) ရက်ဘဲရှိသေးတယ်။ အခုတော့ အမေတို့နဲနေရအုန်းမယ်။” ဟု ၎င်းအမျိုးသမီး က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီး သီပေါမြို့တွင် စစ်ကောင်စီမှ ပစ်သတ်ခဲ့သူ စုစုပေါင်း (၂) ဦးရှိခဲ့ပြီး (၁၇) ဦးဖမ်းဆီးခံထားရကြောင်း သိရသည်။ ထိုပစ်သတ်ခံရသူ (၂) ဦးလုံးသည် မွေးကင်းစ ကလေးများရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...