Thursday, May 16, 2024

လားရှိုးမြို့ကိုဗစ် Postive အဖြေထွက်ထားသူတစ်ဦး မိမိကိုယ်ကိုယ်အဆုံးစီရင်

Must read

သျှမ်းမြောက် လားရှိုးမြို့ နေအိမ်တွင် Home Quarantine ထားရှိထားသူ အမျိုးသားတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး Postive အဖြေထွက်ရှိ ကြောင်း သိရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။

ယမန်နေ့က ဇွန်လ (၂၂) ရက်နေ့က လားရှိုးမြို့ အမှတ်(၉) ရပ်ကွက် နယ်မြေ(၁၀) အတွင်းရှိ Home Quarantine ထားရှိခံရသူ အမျိုးသားတစ်ဦးသည် ကိုဗစ်- ၁၉ ပိုး ကူးစက်ခံရကြောင်း ကြားသိရပြီး နောက် ကိုယ့်ကိုယ်ကို အဆုံးရင်သွားကြောင်း Lashio COVID-19 Operation Team အဖွဲ့မှ ထုတ်ပြန်ထား သည်။

လားရှိုးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ လပိုင်းအတွင်း နေ့စဉ်တိုးပွားလာသောကြောင့် လက်ရှိတွင် လားရှိုး မြို့တွင်း ကိုဗစ်-၁၉ ကူးစက်ရော၈ါပိုးတွေ့ရှိသူ ၂၀၉ ဦး ရှိပြီး မြို့ပေါ်ရှိ ရပ်ကွက်(၄)/(၅) မှ လမ်းအချို့ အား ဝင်ထွက်မှု့ ပိတ်ဆို့ကာ Lock Down ချထားသည်ကို တွေ့ရသည်။

အဆိုပါ သေဆုံးသူအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article