တာချီလိတ် ကွန်ပျူတာဆရာတစ်ဦး ကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ ရွှေမြေသာယာဈေးတွင်နေထိုင်သူ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း သတင်ရရှိသည်။

ယမန်နေ့(ဇွန် ၂၀)ရက် မနက် (၁၁)နာရီခွဲကျော်တွင် YOUTH Computer Tachileik ကွန်ပျူတာ သင်တန်းဖွင့်ထားသည့် ဆရာဦးဟန်မင်းထွန်းကို စစ်ကောင်စီ အုပ်စုက ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏ ဆွေမျိုးတော်စပ်သူက သျှမ်းသံတော်ဆင့် ကိုပြောသည်။

” ဖမ်းတာလည်း သူနေတဲ့ အခန်းကို စရဖ နဲ့ ရဲ ကဝင်ပြီး၊ သူကို ထိုးကြိတ်ပြီး ခေါ်သွားတယ်။ အခုထိ သူနဲ့ အဆက်အသွယ် မရသေးဘူး။ ဖမ်းတုန်းက ထိုးကြိတ်တာအပြင် စစ်ကြောရေးပါပို့တယ်ဆိုတော့ စိတ်ပူရပါတယ်” ဟု ၎င်းက ဆိုသည်။

ဆရာဦးဟန်မင်းထွန်းသည် အသက် ၃၃နှစ် အရွယ်သာရှိပြီး၊ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသားဖြန့်ဝေ လှုံ့ဆော်သူ ဟု စွတ်စွဲကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၄၄/၂၀၂၁ ရာဇာသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ယမန်နေ့ ညတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

” ဖမ်းသွားပြီး ဖုန်းကိုယူစစ်တော့ Messenger ထဲက ကနေ Tcl Gen X Y Z Group Chat ကိုတွေ့လို့ အမှုဖွင့်ခံထားရတယ် ဆိုတာကြားရတယ်၊ သူ တော်တော်လေး နှိပ်စက်ခံထားရတယ်” ဟု ဦးဟန်မင်းထွန်း၏ ဝမ်းကွဲညီအစ်ကိုတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ရုံးတွင် ပစ်ခတ်ပေါက် ကွဲမှုများ ဖြစ်ပွားပြီးနောက် မြို့တွင်းတွင် လုံခြုံရေးအများအပြားချထားပြီး ဖမ်းဆီးစစ်ဆေးမှုများပြားလာကြောင်း ပြည်သူတစ်ဦးက သျှမ်းသံဆင့်ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...