Wednesday, January 28, 2026

တာချီလိတ် ကွန်ပျူတာဆရာတစ်ဦး ကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ ရွှေမြေသာယာဈေးတွင်နေထိုင်သူ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း သတင်ရရှိသည်။

ယမန်နေ့(ဇွန် ၂၀)ရက် မနက် (၁၁)နာရီခွဲကျော်တွင် YOUTH Computer Tachileik ကွန်ပျူတာ သင်တန်းဖွင့်ထားသည့် ဆရာဦးဟန်မင်းထွန်းကို စစ်ကောင်စီ အုပ်စုက ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ၎င်း၏ ဆွေမျိုးတော်စပ်သူက သျှမ်းသံတော်ဆင့် ကိုပြောသည်။

” ဖမ်းတာလည်း သူနေတဲ့ အခန်းကို စရဖ နဲ့ ရဲ ကဝင်ပြီး၊ သူကို ထိုးကြိတ်ပြီး ခေါ်သွားတယ်။ အခုထိ သူနဲ့ အဆက်အသွယ် မရသေးဘူး။ ဖမ်းတုန်းက ထိုးကြိတ်တာအပြင် စစ်ကြောရေးပါပို့တယ်ဆိုတော့ စိတ်ပူရပါတယ်” ဟု ၎င်းက ဆိုသည်။

ဆရာဦးဟန်မင်းထွန်းသည် အသက် ၃၃နှစ် အရွယ်သာရှိပြီး၊ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသားဖြန့်ဝေ လှုံ့ဆော်သူ ဟု စွတ်စွဲကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၄၄/၂၀၂၁ ရာဇာသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် ယမန်နေ့ ညတွင် အမှုဖွင့်လိုက်ကြောင်း သိရသည်။

” ဖမ်းသွားပြီး ဖုန်းကိုယူစစ်တော့ Messenger ထဲက ကနေ Tcl Gen X Y Z Group Chat ကိုတွေ့လို့ အမှုဖွင့်ခံထားရတယ် ဆိုတာကြားရတယ်၊ သူ တော်တော်လေး နှိပ်စက်ခံထားရတယ်” ဟု ဦးဟန်မင်းထွန်း၏ ဝမ်းကွဲညီအစ်ကိုတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ရုံးတွင် ပစ်ခတ်ပေါက် ကွဲမှုများ ဖြစ်ပွားပြီးနောက် မြို့တွင်းတွင် လုံခြုံရေးအများအပြားချထားပြီး ဖမ်းဆီးစစ်ဆေးမှုများပြားလာကြောင်း ပြည်သူတစ်ဦးက သျှမ်းသံဆင့်ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...