Wednesday, January 28, 2026

သီပေါမြို့နယ် လူငယ်တစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ နေထိုင်ပြီး ပရဟိတ လူငယ် တစ်ဦးသည် ယနေ့ (ဇွန် ၁၈)ရက် မနက် ၂နာရီတွင် သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက် (၂)နာရီတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တခုက ပရဟိတ လုပ်ဆောင်သေနတ်ပစ်သတ်ခံရသည့် အသက် (၃၀)အရွယ်ရှိ စိုင်းလောဝ် ၏ နေအိမ်ကို လာရောက်ခေါ်ဆောင်ပြီး၊ လမ်းခုလပ်တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဒီနေ့မနက် ၂ နာရီမှာလာခေါ်သွားတယ်။ ဘယ်အဖွဲ့စည်းကလာခေါ်တာလဲတော့ ကျနော်တို့မသိဘူး။ အိမ်နဲ့ နည်းနည်းဝေးတဲ့နေရာကိုခေါ်သွားပြီး သတ်ပစ်လိုက်တာပါ။ သူက နားမခေါ်ကျေးရွာမှာ နားရေးအသင်းဝင်ထားတယ်။ ဘာကြောင့်လာသတ်တာလဲတော့ မသိဘူး” ဟု စိုင်းလောဝ်၏ မိသားစုဝင် တစ်ဦးက ပြောသည်။

စိုင်းလောဝ် သေနတ်ထိမှန်ခံရသည့် ဒဏ်ရာများမှာ ရင်ဘတ်အောက်တွင်တနေရာ၊ လက်မောင်း နှင့် မျက်နှာ တွင် လည်း ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

“ သေနတ်ဒဏ်ရာက ရင်ဘတ်အောက်မှာ တနေရာ၊ လက်မောင်းမှာ တနေရာ၊ပြီးတော့ ခေါင်း ရိုက်ခံထားရတာ တွေရှိတယ်။ မျက်နှာတွေမှာလည်း သွေးတွေနဲ့ ” ဟု ၎င်း ကပြောသည်။

စိုင်းလောဝ်ကို သေနတ်ပစ်သတ်သွားသည့် လက်နက်ကိုင်အုပ်စုသည် မည်သည့်အုပ်စုဖြစ်သည်ကိုတော့ မသိရှိရသေးကြောင်း လည်း မိသားစုဝင်များက ပြောပြသည်။

သေဆုံးသွားသည့် စိုင်းလောဝ်ကို ယနေ့ ( ဇွန် ၁၈) နေ့လည့် ၁၁ နာရီတွင် သဂြိုလ်သွားမည် ဟု သိရသည်။

သျှမ်းမြောက် သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသည့်နေရာဖြစ်ပြီး၊ မကြာခဏ သေနတ်ပစ်သတ်ခံရနေရသည့် ဒေသတခုလည်းဖြစ်သည်။

ထို့ကြောင့် သီပေါမြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများအနေဖြင့် လက်နက်ကိုင် အုပ်စုများကို ကြောက်လန့်ရသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...

TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ

0
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...