Wednesday, January 28, 2026

ကိုဗစ်-၁၉ ပိုး တွေ့ရှိသည့် လားရှိုးမြို့မဈေး အရေးပေါ်ပိတ်မည်

သျှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့မဈေး တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကြောင့် အရေးပေါ်ပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့မဈေး မှ ဈေးသည်တချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် မြို့မဈေးကြီးကို ဇွန် (၁၈)မှ စတင်ကာ ဇူလိုင် (၂)ရက်ထိ ပိတ်သွားမည် ဟု အရေးပေါ် ပိတ်လိုက်ရကြောင်း ဈေးတာဝန်ခံတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဈေးထဲမှာ ကိုဗစ်-၁၉ တွေ့ရှိလို့ ပိတ်လိုက်တာပါ၊ မနက်ဖြန် ၁၈ ရက်နေ့ ကနေ စပြီး နောက်လ (ဇူလိုင်လ) ၂ ရက်နေ့ထိ ပိတ်မယ်လို့ လျာထားပါတယ်” ဟု ဈေးတာဝန်ခံတစ်ဦးက သျှမ်းသံတောိဆင့်ကိုပြောသည်။

ထို့အပြင် မြို့မဈေးကြီးနှင့် ဆက်လျက်ရှိသည့် ကုန်စိမ်းဈေးရုံများရောင်းချသည့် ဆိုင်ခန်းပေါင်း (၄၀၀) ကျော်ကိုလည်း ပိတ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီမြို့မဈေးနဲ့ မြို့မဈေး အနီးတစ်ဝိုက် ဆိုင်ခန်းတွေအားလုံးကို ဇွန်လ ၁၈ ရက် ကနေ ဇူလိုင် လ ၂ ရက်နေ့အထိ ပိတ်ထားခိုင်းတယ်လို့ ကြားတယ်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လားရှိုးမြို့မှာ ဒီနေ့ နေ့လယ် ၃ နာရီအထိ ကိုဗစ် ပိုးတွေ့ရှိသူ (၁၃)ဦး စစ်ဆေးတွေ့ရှိပြီးနောက် မြို့မဈေးကြီးကို အရေးပေါ်ပိတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်မကောင်းတဲ့ကြားက လူပျောက်မှု ပြဿနာ

0
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးလူငယ်တွေ ပျောက်ဆုံးမှု ကြေငြာတာတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တစ်စ တစ်စ ရေးတင်လာတာတွေ့ရသလို သတင်းမီဒီယာတွေမှာ လာကြေငြာတာတွေကို တွေ့မြင်နေရပါတယ်။ အချို့ အမျိုးသမီးငယ်တွေဟာ မိဘတွေမသိအောင် နယ်စပ်ဒေသတွေမှာ သွားရောက်အလုပ်လုပ်ဖို့ ခိုးသွားကြတာရှိသလို အချို့ကျတော့ ချစ်သူရဲ့နောက် ခိုးရာလိုက်သွားတာတွေလည်း ရှိပါတယ်။ အချို့မှာ နေအိမ်ကနေ ထွက်သွားပြီး...

တာချီလိတ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ကို တစ်စောင် ဘတ်ငွေ (၁,၅၀၀) ထိဈေးပေါက်နေ

0
မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ၂ ချောင်း ထိုးထားသည့် သက်သေခံလက်မှတ် တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) ဘတ် ပေါက်နေကြောင်း သတင်းရရှိသည်။ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်...

ကိုဗစ် – ၁၉ သျှမ်းပြည်တွင်း ပန်းပုရုပ်ထုများ ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရ

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ငန်းသည်များ ကိုဗစ် -၁၉ ကြောင့် ၃ နှစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ဝင်ငွေထိခိုက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ကျိုင်းတုံမြို့နယ်တွင်းရှိ ပန်းပုရုပ်ထု လုပ်ကိုင်သူများသည် ယခင်က ပန်းပုရုပ်ထုများကို တရုတ်နိုင်ငံတွင်းထိ သွားရောက်လုပ်ကိုင်ရသည့်အထိ ရှိခဲ့ရာမှ ကိုဗစ် - ၁၉...

ပြောင်းဖူး နှင့် ဆန်ကို တရုတ်သို့ တင်ပို့ရန် သက်တမ်းကုန်ဆုံးတော့မည်

0
မြန်မာ - တရုတ်နယ်စပ်ဂိတ်တွင် ပြောင်းဖူး နှင့် ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သဖြင့် ပိတ်ဆိုင်းသွားမည် ဟု စုံစမ်းသိရှိရဿည်။ လာမည့် ဒီဇင်ဘာ ၂၀ ရက် တွင် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် ပြောင်းဖူး နှင့် ဆန်တို့သည် တင်ပို့ရန်...

တရုတ်နိုင်ငံ ကိုဗစ် Lockdown ဖွင့်ပေး ပြည်သူများက နယ်စပ်ဂိတ်ကို ဖွင့်ပေးရန်မျှော်လင့်နေ

0
တရုတ်နိုင်ငံဘက်တွင် Lockdown ဖွင့်ပေးလိုက်ပြီဖြစ်ပြီး တရုတ် - မြန်မာ နယ်စပ်ဂိတ်ကိုလည်း ဖွင့်ပေးနိုင်ရန်အတွက် ပြည်သူများ မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၈) ရက်တွင် တရုတ်နိုင်ငံတွင်း မြို့နယ်များ အားလုံးကို Lockdown ဖွင့်ပေးလိုက်ပြီးနောက် နယ်စပ်ဂိတ်ကိုလည်း ဖွင့်ပေးရန် နှင့် နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်ပါက...