Wednesday, January 28, 2026

သျှမ်းပြည်နယ်စိုက်ပျိုးရေး ပြဿနာများအားစိုက်ပျိုးရေးနည်းပညာဝန်ထမ်းများ ပညာရှင်များဖြင့် ကူညီဆောင်ရွက်ပေးမည်

သျှမ်းပြည်နယ်မှ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တောင်သူများ ကြုံတွေ့နေရသော ပြဿနာများကို သျှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဆင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Taunggyi City Hotel တွင်ပြုလုပ်သော စိုက်ပျိုးရေးနှင့်ပတ်သက်သည့်တွေ့ဆုံပွဲ

စိုက်ပျိုးရေးလုပ်ငန်းတွင်တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန် သျှမ်းတောင် (၅) မြို့နယ်မှ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဇွန် (၂၂)ရက်နေ့တွင် Taunggyi City Hotel တွင် တွေ့ဆုံခဲ့ကြရာ သျှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းကထိုသို့ပြောကြားလိုက်သည်။

“သက်ဆိုင်ရာကျေးရွာတွေမှာ ကြံုတွေ့နေရတဲ့စိုက်ပျိုးရေးပြဿနာတွေကို ကွင်းဆင်းပြီး ကျနော်တို့စိုက်ပျိုးရေးနည်းပညာဝန်ထမ်းများ ၊ပညာ ရှင်များနဲ့ လာရောက်ဖြေရှင်းဆောင်ရွက်ပေးပါ့မယ်လို့ ဒီပွဲမှာပဲ ကတိကဝတ်ပြုထားတယ်။ ကျနော်တို့ဆီကို တိုက်ရိုက် စာရေးတင် ပြလာတာဖြစ်စေ အရပ်ဖက်လူမှုအဖွဲ့ အစည်းမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ် ” ဟု ၄င်းက သျှမ်းတောင် (၅) မြို့နယ်မှ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံပွဲ တွင် ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည် ။

သျှမ်းပြည်နယ်တောင်ပိုင်း၊တောင်သူများအနေဖြင့် အများဆုံးတွေ့ကြံုရသည့် ပြဿနာများမှာ စိုက်ပျိုးရေးနည်းပညာနည်းစနစ်၊ မျိုးကောင်းမျိုးသန့်၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးအသုံးပြုခြင်း နည်းပညာ၊ စျေးကွက်ပြဿနာနှင့် မျိုးစေ့အတုထွက်ပေါ်ခြင်း၊ သွင်းအားစု ဓာတ်မြေသြဇာအတုတွေ့ကြံုရခြင်း များ ကြံုတွေ့နေရကြောင်း သိရသည် ။

“တောင်သူတွေရဲ့ စိုက်ပျိုးရေး အခက်အခဲတွေကိုစိုက်ပျိုးရေးရုံးမှာ အကူအညီတောင်းလို့ရတယ် ၊ စိုက်ပျိုးရေးနည်းပညာသင်တန်း နဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို လိုအပ်ရင် အစိုးရကိုအကူအ ညီတောင်းလို့ရတယ်ဆိုတာ တောင်သူတွေသိသွားဖို့ လိုအပ်တယ် ။ ” ဟု အဆိုပာ တွေ့ဆုံပွဲကိုစီစဉ်ကျင်းပပေးသည့် ကောင်ရွေလူမှုတရားမျှတမှုနှင့် ဖွဲ့ဖြိုးရေးအဖွဲ့မှ ဒါရိုက်တာ ခွန်မျိုးက ကပြောသည်။

တောင်သူများအနေဖြင့် သီးနှံများကို အရည်အသွေး မြင့်မြင့်မှန်မှန် ဖြင့် ထုတ်လုပ်နိုင်ပါက နိုင်ငံခြားစျေးကွက်အထိ ချိတ်ဆက်ပေးနိုင်ကြောင်း၊ အဆင့်မှီမှီ နည်းစနစ်ကျကျ စိုက်ပျိုးရေးနည်းပညာကိုလည်း အရပ်ဖက်လူမှုအဖွဲ့ အစည်းများ ထံမှတစ်ဆင့်ဖြစ်စေ တောင်သူများကိုယ်တိုင်ဖြစ်စေ လာရောက်ဆက်သွယ်ပါကစိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာအထိ ကွင်းဆင်းသင်ပြပေးမည်ဖြစ်ကြောင်း ဆက်လက်သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...

အင်းလေးတောင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်နေကြောင်း တောင်သူများက ပြောဆိုသည်။ အင်းလေးတောင်သူများသည် ယခင်(၂၀၂၃)ခုနှစ် မှ ငရုပ်ပွစိုက်ပျိုးရာ အမြတ် ကျပ်(သိန်း၅၀) မျှရရှိသော်လည်း ယခုနှစ်များတွင် မျိုးစေ့ မဖြစ်ထွန်းမှုနှင့်အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရသည့်အပြင် အရှုံးဖြင့် ရင်ဆိုင်နေရသည်ဟု တောင်သူအမျိုးသမီး တစ်ဉီးက...

အင်းလေးဒေသ သီးနှံမျိုးစေ့ ဈေးတက်လို့ စိုက်ပျိုးရေးလုပ်ကိုင်မှု နည်းပါးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း သီးနှံမျိုးစေ့ ဈေးတက်ခြင်းကြောင့် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်သူ နည်းပါးလာကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလမှ စတင်ပြီး အင်းလေးဒေသ ရေကြီးမှုသည် အောက်တိုဘာလ စတုတ္ထပတ်အထိ ရေမကျသေးသောကြောင့် စိုက်ပျိုးမြေများ အပါအဝင် ကုန်းမြေများ၊ ကျွန်းမြေများကို ရေဖုံးလွှမ်းပြီး နစ်မြှုပ်ပျောက်ကွယ်နေသည်။ ထို့အပြင် ရေအနည်းငယ်...

အင်းလေးဒေသ ခရုပြဿနာဆိုးရွားနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ခရုများ စပါးကို ဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးစိုက်ပျိုးသူများလျော့ကျလာ ကြောင်း စုံစမ်းသိရသည်။ ယခုနှစ်အတွင်းတွင် စပါးစိုက်ပျိုးသည့် အင်းလေးဒေသမှ လယ်သမားများအနေဖြင့် စပါးစတင်စိုက်ပျိုးသည့်အချိန်တွင် ခရုများလာသဖြင့် ယခင်နှစ်ထက် ပိုးသတ်ဆေးဖြန်းပေးနေရကြောင်း၊ခရုပြဿနာကြောင့် စပါးစိုက်ပျိုးသူများလည်း နည်းပါးလာကြောင်း အင်းလေးဒေသ စပါးစိုက်ပျိုးသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’နှစ်တိုင်း စပါးမစိုက်ခင်နဲ့စိုက်ပျိုးပြီးအချိန်ထိ...