Tuesday, January 27, 2026

ဘာသာ၊ သာသနာအား စောင့်ရှောက်သည့်သျှမ်းပြည်တပ်မတော် ဖြစ်ဖို့ မြို့နယ်သံဃာတော် စာရေးတိုက်တွန်း

ဒေသအတွင်းလက်နက်ကိုင်ပစ်ခတ်မှု ပြဿနာကြောင့် ကိုရင်ငယ်တပါးဒဏ်ရာရကာ တပ်သားတဦးသေ ဆုံးမှုဖြစ်ပွားသော ကြောင့် သျှမ်းပြည်တပ်မတော် နှစ်ခုလုံးအား အမျိုးဘာသာ သာသနာလက်တွေ့ စောင့် ရှောက်သည့် တပ်မတော်ဖြစ်ဖို့ မိုင်းကိုင်မြို့နယ် သံဃာ့နာယကအဖွဲ့မှ သတိပေးတိုက်တွန်းသည့် စာတစောင်ပေးပို့ခဲ့သည်ဟု သိရသည်။

မြို့နယ်သံဃာတော်များ၏ထုတ်ပြန်သည့်စာ

ဇွန်လ ၁၉ ရက်နေ့က မြို့နယ်သံဃာတော်များက ဒေသတွင်းလှုပ်ရှားနေသော သျှမ်းလက်နက်ကိုင်တပ် ၂ ခုမှု မှ တပ်မှူး နှစ်ဦးသည် ပုဂ္ဂိုလ်ရေး ပြသနာကြောင့် စကားပြောစက်မှ ဆဲဆိုမှု မကြာခဏ ဖြစ်ပွားရာမှ ရေဆင်း ချိုးစဉ် ပစ်ခတ်မှု ဖြစ်ပွားကာ ကိုယ်ရင်လေးတပါး သေနတ်ထိမှန်ဒဏ်ရာရသည့်အပြင် တပ်သားတဦးလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

၂၀၁၈ ဇွန်လ ၁၅ ရက်ညနေပိုင်းက ဖြစ်ပွားသည့် အဆိုပါ ပစ်ခတ်မှုသည် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စုတွင် ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့် ကိုယ်ရင်သည် အသက် ၈ နှစ်အရွယ် ရှင်သုခ ဖြစ်သည်ဟု လည်းဆိုသည်။

ဒေသအတွင်း လက်နက်ကိုင်ပစ်ခတ်မှု ပြဿနာကြောင့် ကျည်ဆံထိမှန် ဒဏ်ရာရသည့် ကိုရင်ငယ် ရှင်သုခ

မိုင်းကိုင်မြို့နယ် သံဃာ့နာယကအဖွဲ့မှ အလုပ်အမှုဆောင် ဆရာတော်ကြီးတပါး က – ဘာပြဿနာကြောင့် ဘဲဖြစ်ဖြစ် အချင်းချင်း လက်နက်ထုတ်သုံးတဲ့အဆင့် မဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်း ပြေပြေလည်လည် ဆွေး နွေးစေချင်တယ်။ ရန်သူလားမိတ်ဆွေလား ကွဲကွဲပြားပြားသိစေချင်ပြီး တပ်မတော် နှစ်ခု ပေါင်းစည်းဖို့ အမြန်ဆုံးဆွေးနွေးစေချင်တယ် – ဟု သျှမ်းသံတော်ဆင့်အား မိန့်မူတော်မူသည်။

အဆိုပါ ဖြစ်ပွားသည့်အမှုသည် ပုဂ္ဂိုလ်ရေးအရ ဖြစ်ပွားသော်လည်း သျှမ်းလက်နက်ကိုင်တပ် နှစ်ခုကွဲပြားနေမှုကြောင့်ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် သျှမ်းပြည်တပ်မတော် နှစ်ခုလုံး၏ ဂုဏ်သိက္ခာ လည်းထိပါးစေကြောင်း၊ သည့်အတွက် တပ်မတော်နှစ်ခု အမြန်ဆုံးပေါင်းစည်းရန်လိုအပ်ကြောင်း၊ ပေါင်စည်းနိုင်ရန်လည်း လူထုအပါ အဝင် သံဃာတော်များ စုပေါင်းကာ မကြာခဏ စာရေးတိုက်တွန်းကြောင်း လည်း ဒေသအကြီးအကဲ တဦးဖြစ်သည့် ဦးလိုင်းခမ်းက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန်လမ်း၌ လုယက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ ) ရက် နံနက် ၇ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည်...

SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP...

မိုင်းကိုင်မြို့နယ် အမျိုးသားတစ်ဦးကို SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေပေး

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကို SSPP/SSA က သတ်ဖြတ်ခဲ့ပြီး လျော်ကြေးငွေ ပေးဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် လွယ်ယန်းကျေးရွာ နေထိုင်သည့် အသက် (၅၀) အရွယ် ဦးပေါ်ထွေး တောထဲ ကျွဲသွားကျောင်းစဥ် SSPP/SSA တပ်သားများ...

သံဃာတော် မောင်းနှင်လာသည့် ကားတစ်စီး တိမ်းမှောက်

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် နမ့်ပန်ရွာရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် သံဃာတော်တစ်ပါး မောင်းနှင်လာသော ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၅ ရက်) မနက်ပိုင်း ၉ နာရီအချိန်၌ ရွာငံမြို့ မှ မိုးမိတ်မြို့သို့ သွားရောက်...

မိုင်းကိုင် မွေတော်ဘုရားစေတီ ပြုပြင်ရန် စစ်ကောင်စီအရာရှိများ ကျပ်သိန်း ၁၀၀ လာရောက်လှူဒါန်း

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ရှိ သမိုင်းဝင် မွေတော်စေတီတော်ကို ပြုပြင်ရန် အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်လက်အောက်ခံ အရာရှိများ က ကျပ်သိန်း ၁၀၀ လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ် ၁၃ ရက်) မနက်ပိုင်း ၉ နာရီတွင် မိုင်းကိုင်မြို့သို့ ရောက်ရှိလာခဲ့ပြီး စေတီပုထိုးများကို...