Wednesday, January 28, 2026

ကျောင်းစဖွင့်ရက် စစ်တပ်လုံခြုံရေးစောင့်ဖြင့် ကျောင်းတက်နေရ

သျှမ်းပြည်တဝှမ်း ယနေ့ (ဇွန်၁)ရက်ကျောင်းဖွင့်ရက်တွင် စစ်တပ်လုံခြုံရေး အပြည့် စောင့်ပြီး၊ ကျောင်းလာတက်သူအများစုသည် စစ်တပ်မိသားစုဝင်များသာဖြစ်ကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇွန် (၁) ရက်တွင် စစ်ကောင်စီ ၏ အမိန့်အရ မြန်မာနိုင်ငံတဝှမ်း ကျောင်းဖွင့်လှစ်ကာ ကျောင်းလာတက်သည့် သူများသည် တပ်မိသားစုဝင် အများစုဖြစ်ကြသည်။

“ကျောင်းလာတက်တဲ့သူ သိပ်မများဘူး။ စစ်တပ်က ကလေးတွေပဲ ရှိတယ်။ သေနတ်ကိုင်ထားတဲ့ စစ်သား (၃) (၄) ယောက်လောက် လုံခြုံရေးချထားတာတွေ့ရတယ်” ဟု သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်ဒေသခံ တစ်ဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်း တွင် ကျောင်းလာအပ်ထားသည့် ကျောင်းသားများ ကျောင်းမလာတက်ကြကြောင်း၊ တချို့ မြို့နယ်တွင် ပညာရေးဝန်ထမ်းများ အဖြူ၊ အစိမ်း မဝတ်ဘဲ ကျောင်းသို့လာကြောင်း သျှမ်းတောင် ပြည်သူလူထုများက ပြောသည်။

“လာအပ်တဲ့ ကျောင်းသားတွေတောင် အကုန်ကျောင်းမတက်ကြဘူး။ စစ်တပ်လုံခြုံရေးချထားတယ်” မိုင်းကိုင် ဒေသခံ တစ်ဦးကပြောသည်။

အလားတူ “ပင်လုံမှာ လာတက်တဲ့သူက စစ်တပ်မိသားစုတွေ များကြတယ်။ နတလ ကျောင်းသားတွေ များတယ်။ တစ်ချို့ကျောင်းဆို ဆရာမတွေ အဖြူအစိမ်း မဝတ်လာရဲဘူး” ဟု ပင်လုံဒေသခံ တစ်ဦးကပြောသည်။

သျှမ်းရှေ့ ကျိုင်းတုံတွင်လည်း ကျောင်းလာတက်သည့်သူများသည် စစ်တပ်အသိုင်းအဝန်း နှင့် ဝန်ထမ်းသား၊သမီးများသာဖြစ်ကြောင်း၊ လက်ရှိမှာ ကိုဗစ်-၁၉ ပြန်လည်ဖြစ်နေသဖြင့် မိဘများက ကလေးများကို ကျောင်းမပို့ကြကြောင်းသိရသည်။

ထို့အပြင် သျှမ်းမြောက်ပိုင်း မူဆယ်မြို့ရှိ တချို့စာသင်ကျောင်းများသည် ကျောင်းလာအပ်သူ နှင့် ကျောင်းလာတက်သူ (၁၀)ဦး မပြည့်ကြောင်းသိရသည်။

“မူဆယ်ဘက်လည်း လာတက်တဲ့သူ သိပ်မရှိဘူး။ တစ်ချို့ကျောင်းဆို လာအပ်တဲ့ ကလေး ၃ ယောက်လောက်ပဲရှိတယ်။” ဟု မူဆယ် ဒေသခံ တစ်ဦး ကပြောသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကြောင့် အခြေခံ ပညာကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်သည် စစ်အစိုးရ အုပ်ချုပ်သည်ကို ပြည်သူများ လက်မခံသဖြင့် ဆရာ ဆရာမများလည်း (CDM) ပါဝင်လာပြီး ကျောင်းသား မိဘများ စစ်အာဏာရှင်ကို အလိုမရှိသည့်အတွက် ကျောင်းမအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...