ထိုင်းနိုင်ငံ မှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦး မြန်မာသို့ လွှဲအပ်ရာ ကိုဗစ် ( ၇) ဦးတွေ့

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့သည့် (၁၀၉) ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံမှ ယနေ့ (ဇွန် ၁)ရက် မနက်ပိုင်းတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သည့် မြန်မာရေ့ွှပြောင်း အလုပ်သမား (၁၀၉ )ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။

ထိုပြစ်ဒဏ်စေ့သူ (၁၀၉ )ဦးကို မယ်ဆိုင်မှ အာဏာပိုင်များက တာချီလိတ်မြို့မြန်မာအာဏာပိုင်ထံ ယနေ့ (ဇွန် ၁)ရက် မနက်ပိုင်း လွှဲအပ်ရ ပေးခဲ့သည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်မယ့်ကျန် စစ်ဆေးရေးဂိတ်တွင် မေ ၂၂ရက်ထိ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၅)ဦးဖမ်းဆီးခံရပြီး၊ ထိုထဲမှ (၁၀၉ )ဦးကို ပြန်လည်ပို့ဆောင်ရာ ကျန်းမာရေး ဆေးစစ်ချက် အရ ပိုးတွေ့သူ လူနာ (၇)ဦး ရှိကြောင်းသိရသည်။

ကျန် မလွှဲအပ်သေးသည့် မြန်မာနိုင်ငံသား (၄၀)ကျော်သည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုကြောင့် စစ်ကောင်စီ ၏ ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က)ထိခံထားရသူများဖြစ်သည်။

“ထိုင်းဘက်ကို ခိုးဝင်တဲ့သူပါတယ်၊ အလုပ်သမားကဒ် သက်တမ်းကုန်ဆုံးသူပါတယ်။ ထိုင်းနိုင်ငံဉပေဒ ချိုးဖေါက်မှု ကြောင့် ပြစ်ဒဏ်ချခံရပြီး ပြစ်ဒဏ်စေ့လွှတ်မြောက်တဲ့သူတွေပါတယ် ဒီမနက် ၉ နာရီ နှစ်နိုင်ငံ လွှဲအပ်ပေးခဲ့ပါတယ်” – ဟု အမည်မဖေါ်လိုသည့် အာဏာပိုင်တဦး က ပြောသည်။

ယနေ့ မြန်မာပြည်သို့ပြန်ပို့ခံရသူများ စာရင်းအရ ကျား( ၆၇) ဦး၊ မ (၄၂) ဦးတို့ ဖြစ်ပြီး ကိုဗစ်ပိုး တွေ့လူနာမှာ ကျား( ၆) ၊ မ တစ် ယောက်ဖြစ်ကြောင်းသိရသည်။

တိုင်းပြည်အာဏာကို တပ်မတော်မှ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ သိမ်းယူသည့်နောက် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ၊ မိသားစု ဝမ်းရေးအခက်အခဲကြောင့် ထိုင်းဘက် အလုပ်ထွက်ရှာလုပ်ကိုင်သူ တရက်ထက်တရက်ပိုများလာနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီသူ စိုင်းနော် ကပြောသည်။

“အခု ထိုင်းဘက် တရားမဝင်အလုပ်သမားတွေကို ရှင်းလင်းဖို့ စာထပ်ထုတ်ထားတယ်။ နယ်စပ်တကြော ထပ်ဝင်လာတဲ့သူတွေကို လဲ နေ့စဉ်ဖမ်းဆီးနေတာတွေ့ရတယ်။ ဒီအချိန် အလုပ်သမားကဒ် လည်း လုပ်မပေးသေးဘူးဆိုတော့ သတိထား သွားလာစေချင်တယ်” – ဟု စိုင်းနော်ကပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်း – မြန်မာ နယ်စပ် တရားဝင်ဂိတ်များအားလုံး ယမန်နှစ် ၂၀၂၀ မတ်လ ၂၃ ရက်မှ စတင်ပိတ်လာခဲ့သည်ဖြစ်ရာ တနှစ်ကျော်ရှိပြီဖြစ်ပါသည်။

ထို့အတူ တရားမဝင် နယ်စပ်ဖြတ်သန်းသွာလာမှုမရှိစေရန် တရားမဝင်ဂိတ်များအားလုံးလည်း အထူးကြပ်မတ် စစ်ဆေးလာခဲ့သော်လည်း ရှည်လားသည့် ထိုင်း – မြန်မာ နယ်စပ်မျဉ်းကြောင့် ထိုင်းနိုင်ငံဘက်နေ့စဉ် ခိုးဝင်မှု ရှိနေကြောင်း အမည်မဖေါ်လိုသည့် ထိုင်းအာဏာပိုင်တဦး က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...