Friday, October 11, 2024

မိုင်းကိုင်မြို့နယ် သွားလာမှုခက်ခဲသော ကျေးလက်ကျန်းမာရေးဌာနများကို တိုးချဲ့ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးပြော

Must read

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင် မြို့နယ် ဝမ်ဟွေလုံကျေးရွာတွင် မိုးရွာသီ ကာလဖြစ်ပါက ခရီးသွားလာမှု ခက်ခဲသဖြင့် သီးခြား ကျေး လက် ကျန်းမာရေး ဌာန ( RHC) နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ (S/C) များကို ၂၀၁၈- ၁၉ ဘဏ္ဍာရေး နှစ် တွင် လုပ်ထုံးလုပ်နည်း များနှင့် အညီ ဆောင်ရွက်ပေးသွားမည် ဟု သိရသည်။

မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်း၏ တင်ပြချက်အား ကျန်းမာရေး နှင့် အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ကဖြေကြားနေစဉ်

မိုင်းကိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း ၏ မိုင်းကိုင်မြို့နယ် ဝမ်ဟွေလုံကျေးရွာတွင် သီးခြား ကျေးလက်ကျန်းမာရေး ဌာန (RHC) အသစ်တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (S/C) များအဖြစ် ဝမ်လုံ၊ ယန်းလွိုင်၊ ဝမ်လျန့်နှင့် မတ်လန်း တို့တွင် တိုးချဲ့ဖွဲ့စည်းပေးရန်နှင့် လုတ်ကန်း၊ စုံလောတို့တွင် ကျေး လက်ကျန်းမာရေးဌာနခွဲ (S/C) အသစ် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မွေးခွန်းကို ဇွန်လ ၁၅ ရက်နေ့တွင် ကျန်းမာရေး နှင့် အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လာရောက်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေး နှင့် အားကစားပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး က “ မိုင်းကိုင်မြို့သည် လမ်းပန်း ဆက်သွယ်ရေးသွားလာရန်ခက်ခဲပြီး အနီးဆုံးရှိ မိုင်းကိုင် ဆေးရုံမှာ မိုင် ၃၀ ဝေးရာ ပွင့်လင်းရာသီတွင် ၃၊ ၄ နာရီကြာသွားရကြောင်း၊ မိုးရာသီတွင် ဘီးတွင်သံကြိုးပတ်ပြီးသွားရပါကြောင်း” ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

စုံလောရွာ သည် ပန်ကေတုကျေးလက်ကျန်းမာရေးဌာနအောက်တွင်ရှိပါပြီး လုတ်ကန်းရွာသည် တုံလောကျေးလက် ကျန်းမာရေးဌာနအောက်တွင်ရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဝန်ကြီးကဖြေကြားခဲ့သည်။

မိုင်းကိုင်မြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း က “ လမ်းမကောင်းဘူး။ မြေသားလမ်းတွေပဲ ။တရွာနဲ့တရွာကလည်း အလှမ်းကွာတယ်။ မြေသားလမ်းတွေကတော့ သိတဲ့အတိုင်းပါပဲ။ ခက်ခက်ခဲခဲသွားရ တယ်။ မြေသားလမ်းမှာ ကားဘီးတွေ နစ်တာတွေရှိပါတယ်။ ချိန်းတွေ ပတ်ပြီးတော့ သွားရတယ် ” ဟု ပြောဆို သည်။

ထို့ကြောင့် အဆောက်အဦးဆောက်လုပ်ရန် ပေ ၂၀၀ ပတ်လည်မြေရှိသည့်အတွက် အကောင်အထည်ဖော်ဆောင် ရွက်မည်ဆိုပါက Sub-Center ကျေးလက်ကျန်းမာရေးဌာနလေးခု ရမည်ဖြစ်ပါကြောင်း၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းလည်း ၀န်ကြီးက ပြောဆိုကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article