မူဆယ်မြို့ စစ်ရှောင်အတွက် အလှူခံပေးနေသည့် လူငယ် ၅ ဦးဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ယနေ့ (မေ၂၆) ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် စစ်ရှောင်များအတွက် အလှူငွေကောက်ခံပေးနေသည့် လူငယ် (၅) ဦး ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် တို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

ယနေ့ မနက်ပိုင်းတွင် စစ်ဘေးရှောင်များအတွက် မူဆယ်လူငယ်များသည် အမှတ် ၂ ဈေးအတွင်း အလှူငွေကောက်ခံ ပေးနေစဉ် စစ်ကောင်စီ နှင့် ပြည်သူ့စစ် ပူးပေါင်းကာ လာရောက်ဖြိုခွင်းပြီး ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“လူငယ်တွေ စစ်ဘေးရှောင်အတွက် အလှူငွေကောက်ခံနေတာ။ အဲ့ဒါကို စစ်ကောင်စီနဲ့ ရဲတွေက ဖြိုခွင်းပြီးတော့ ဖမ်းသွားတာ။ မိန်းကလေး ၄ ယောက်နဲ့ ယောကျားလေး (၁) ယောက်ပါသွားတယ်” ဟု မူဆယ်မြို့ဒေသခံ အမျိုးသမီး ကပြောသည်။

ဖမ်းဆီးခံရသောသူများသည် အသက်မပြည့်သေးသည့် လူငယ်တစ်ဦးပါဝင်ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများသည် မပြည့်ပြည့်(၃၂)နှစ်၊ မငြိမ်းသီတာ (၂၈) နှစ်၊ မစိုးစုလှိုင်(၂၄) နှစ်၊ မထက်ယမင်းနွယ်(၂၀) နှင့် မောင်စွမ်ဝင်း (၁၇) နှစ် တို့ကိုဖမ်းဆီးသွားကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို မည်သည့်နေရာယူဆောင်သွားသည်ကို မသိရှိရသေးကြောင်း၊ လူငယ်များ အလှူငွေကောက်ခံရသည့် ပိုက်ဆံကျပ်ငွေ (၁၀)သိန်းကို စစ်ကောင်စီမှ ယူဆောင်သွားကြောင်းသိရသည်။

“ ဟုတ်ပါတယ်။ အသက်မပြည့်တဲ့လူငယ်တစ်ယောက်ပါတယ်။ အခု မိသားစုဝင်တွေက ရဲစခန်းကို သွားမေးတော့ ရဲစခန်းမှာ မဖမ်းထားဘူးလို့ပြောတယ်။ ဘယ်နေရာခေါ်သွားလည်းမသိဘူး။ အလှူငွေရတဲ့ပိုက်ဆံလည်းယူသွားတယ်။ ခန့်မှန်းခြေတော့ ၁၀ သိန်းဝန်းကျင်လောက်ရှိမယ်။” ဟု အလှူငွေကောက်ခံရာတွင်လိုက်ပါခဲ့သည့် လူငယ်တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ အလှူငွေကောက်ခံပေးနေသည့် လူငယ်များကို အာဏာသိမ်းစစ်ကောင်စီ၊ ပြည်သူစစ် တို့ပူပေါင်းပြီး အကြမ်းဖက် ဖြိုခွင်းပြီးဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အတည်ပြုချက်အရ မူဆယ်မြို့တွင်စစ်ကောင်စီမှ ဖမ်းဆီခံထားရသူ စုစုပေါင်း ၄၁ ရှိပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...