စစ်ကောင်စီမှ ကျောင်းလာအပ်ရန် နည်းမျိုးစုံတိုက်တွန်းနေ

သျှမ်းပြည် အတွင်း စစ်ကောင်စီမှ ကျောင်းလာအပ်ရန်အတွက် မိဘများကို နည်းမျိုးစုံ တိုက်တွန်းနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ မိဘများကို ကျောင်းစရိတ်ထောက်ပံ့မည် ဖြစ်ကြောင်း၊ ကျောင်းအတွင်း လုံခြုံရေး ယူပေးမည် ဖြစ်ကြောင်း နည်းမျိုးစုံ ဖြင့် ကျောင်းလာအပ်ရန် မြူဆွယ်နေကြောင်း သျှမ်းပြည်သူများက ပြောသည်။

“ ရွာက ကလေးတွေ စစ်ကောင်စီက ကျောင်းစရိတ်ထောက်ပံ့ပေးမယ်ပြောပြီး ကျောင်းလာအပ်ခိုင်းတယ်။ ရွာကသူတွေက မြို့ထဲအခြေနေမသိတော့ အဖြူအစိမ်းတွေ စာအုပ်တွေလာဝယ်တာရှိတယ်။ တစ်ချို့ရွာတွေကတော့ ကျောင်းသွားအပ်ကြတယ်” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ယနေ့ မေ ၂၅ ရက် မှစတင်ပြီး ကျောင်းအပ်လက်ခံသော်လည်း သျှမ်းပြည်တွင် ကျောင်းသွားအပ်သူ နည်းပါးကြောင်းသိရသည်။

အလားတူ သျှမ်းပြည်နယ်တောင်းပိုင်း ပင်လုံမြို့ နှင့် သျှမ်းမြောက် နမ္မတူမြို့ တွင်လည်း စစ်ကောင်စီမှ ကျောင်းရှေ့တွင် ရေးထားသည့် “ စစ်ကျွန်ပညာရေးစနစ်အလိုမရှိ” စာသားများကို ယနေ့ မနက်တွင် စစ်ကောင်စီ အုပ်စု မှ လိုက်လံ ဖျက်နေကြောင်း သိရသည်။

“ မနေ့ညမှ သွားရေးထားတာ။ ဒီနေ့မနက်တော့ ပြန်လာကြည့်တာ သူတို့ဖျက်လိုက်ပြီး။ ကျောင်းအပ်တဲ့သူတွေသိပ်မရှိဘူး။ ထ ၂ ကျောင်း စစ်တပ်ကျောင်းကတော့ အပ်တဲ့သူရှိတယ်။တစ်ချို့ကျောင်းတွေတော့ မအပ်ကြဘူး။” ဟု ပင်လုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဆက်လက်ပြီး နမ္မတူမြို့ အမှတ်(၂) အထက်တန်းကျောင်းရှေ့ တွင် လူငယ်များ ရေးသားထားသည့် “ စစ်ကျွန်ပညာရေး စနစ် အလိုမရှိ” စာသားများကို စစ်ကောင်စီ အုပ်စုက လိုက်လံဖျက်ဆီးနေပြီး၊ နမ္မတူ အထက(၂)တွင် ကျောင်းသား (၆)ဦးသာ ကျောင်းလာအပ်ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံသည့် NON -CDM ဆရာ၊ ဆရာမများသည် ကျောင်းဝတ်စုံ မဝတ်ဆင်ရဲကြဘဲ အရပ်ဝတ်ဖြင့်သာ ဝတ်ဆင်ပြီး ကျောင်းအပ်လက်ခံနေကြသည်။

မေလ ၂၄ မှ ၃၁ ရက်နေ့အထိ ကျောင်းများအပ်နှံကြရန် စစ်ကောင်စီက ကြေညာထားပြီး ဇွန်လတွင်ကျောင်းပြန်ဖွင့် မည် ဟု သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးရှိ ပညာရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ပါဝင်နေကြသည်။

CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိ ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ပေးမည့် ပညာရေးဝန်ထမ်းများ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...