အနာဂတ်သျှမ်းပြည်အေးချမ်းစေချင်လို့ ဘယ်အစိုးရရဲ့ UEC ဖြစ်ဖြစ်ဖိတ်ရင် တရားဝင်ပါတီတခုအနေနဲ့ တက်မယ်

ယနေ့ (မေ ၂၁)ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC နှင့် နိုင်ငံရေးပါတီ ၆၂ ပါတီတို့တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ လည်း ပါဝင်ခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီး ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း အား သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းခဲ့သည်။

မေး ။ ။ စစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကဖိတ်ခေါ်တဲ့အစည်းအဝေး ဘာကြောင့်သွားတက်သလဲရှင့်။

ဖြေ ။ ။ ဘယ်အဖွဲ့က ဖွဲ့စည်းထားတဲ့ကော်မရှင်ပဲ ဖြစ်ဖြစ် ကော်မရှင်အနေနဲ့ တရားဝင်ပါတီအနေနဲ့တော့ တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖိတ်တော့ သွားတက်ရမယ်လေ။

မေး ။ ။ ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသလဲရှင့်။

ဖြေ ။ ။ ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့သလဲဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ (PR)စနစ် အချိုးကျ ကိုယ်စားပြုမှု ရွေးကောက်ပွဲစနစ်နဲ့ လုပ်မယ်ဆိုတာ အဲ့ဒါပါပဲ။

မေး ။ ။ ကျားဖြူပါတီ အနေနဲ့ စစ်ကောင်စီက အသစ်ပြန်လည်ပြုလုပ်မယ့်ရွေးကောက်ပွဲကိုတော့ ထောက်ခံကြိုဆိုတယ်လို့ ပြောလို့ရတာလား။

ဖြေ ။ ။ အဲ့လို ထောက်ခံတယ်လို့ မပြောရဘူးလေ။ ထောက်ခံတယ် မထောက်ခံဘူးဆိုတာ ဘယ်အစိုးရ ဘယ်ပါတီက ရွေးကောက်ပွဲ ကော်မရှင်ပဲ ဖြစ်ဖြစ်တရားဝင် ရပ်တည်နေတဲ့ ပါတီတစ်ခုဟာ ကော်မရှင်ဖိတ်ရင် NLD ကော်မရှင်တုန်း ကလည်း အန်ကယ်တို့ တက်တယ်။အခုလက်ရှိ နစက အစိုးရဖွဲ့တဲ့ ကော်မရှင်လည်း အန်ကယ်တို့တက်တယ်။

ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ဖွဲ့စည်းထားတဲ့ ကော်မရှင်လည်း အန်ကယ်တို့ တက်တယ်။

ဘယ်အစိုးရက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖြစ်ဖြစ် အန်ကယ်တို့ တရားဝင် ပါတီတစ်ခုအနေနဲ့ သူတို့ဆီမှာ မှတ်ပုံတင်ထားတဲ့အတွက်ကြောင့် မှတ်ပုံတင် အမှတ် ၁၅ အနေနဲ့ အန်ကယ်တို့က သွားတက်ရမှာပဲ။

NLD ဖွဲ့တဲ့ ကော်မရှင်ပဲ ဖြစ်ဖြစ် ဦးသိန်းစိန် ကော်မရှင်ပဲဖြစ်ဖြစ် နစက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းထားတဲ့ ကော်မရှင်ပဲဖြစ်ဖြစ် နောင်ဘယ်အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်ပဲ ဖြစ်ဖြစ် အန်ကယ်တို့ တရားဝင် ပါတီအနေနဲ့ သွားတက်ရမယ်။

သူတို့ အသိအမှတ်ပြုထားတဲ့ ပါတီတစ်ခုအနေနဲ့ သွားတက်ရမှာပဲလေ။ ဖိတ်ရမယ့် တာဝန် သူတို့တာဝန် တက်ရမယ့် တာဝန်က အန်ကယ်တို့ တာဝန်။

စစ်ကောင်စီဆိုတာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက တကယ်တမ်းကျတော့ စစ်ကောင်စီ အစစ်မဟုတ်ဘူး။

အရပ်သားကောင်စီ နစက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီထဲမှာ အရပ်သားက အရာရှိတွေထက် ပိုများတယ်။ ဒီဟာက စစ်ကောင်စီမဟုတ်ဘူး။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အရပ်သား တစ်ဝက်ကျော်နဲ့ အရာရှိတွေ တစ်ဝက်နီးပါး ပူးပေါင်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့။ တကယ်လို့ မဲခွဲတယ်ဆိုလို့ရှိရင် အရပ်သားတွေက မဲနိုင်တယ်။

အရင်တုန်းက အဲ့လိုသာ အာဏာသိမ်းဆိုရင် အရပ်သား တစ်ယောက်မှ မပါဘူး။ တိုင်းမှူးတွေကပဲ အုပ်ချုပ်တယ်။

ခုတိုင်းမှူးတွေက မဆိုင်ဘူး။ ဒီအရပ်သားတွေကပဲ အုပ်ချုပ်တယ်။ ဆိုလိုတဲ့အကြောင်းက အရှိတရားကို မြင်တတ်ဖို့တော့ လိုပါတယ်။

အန်ကယ်တို့လည်း စစ်အုပ်ချုပ်ရေးကို မထောက်ခံဘူး။ တစ်ပါတီ အာဏာရှင်ကိုလည်း မထောက်ခံဘူး။ ပြည်သူလူထု လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီကိုပဲ အန်ကယ်တို့ ကျားဖြူပါတီက လိုလားချင်တယ်။

တိုင်းပြည်ဖွံ့ဖြိုးစေချင်တယ်။ သျှမ်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ငြိမ်းချမ်းချင်တယ်။ သျှမ်းအချင်းချင်း တိုက်ခိုက်တာလဲ အန်ကယ်တို့ မလိုချင်ဘူး။

အန်ကယ်တို့ မတိုက်ခိုက်ဖို့ဆိုလည်း Statement လည်း ထုတ်ခဲ့ပြီးပြီ။ တိုင်းရင်းသား အချင်းချင်းလည်း မတိုက်ပါနဲ့။ တိုင်းရင်းသား နဲ့ စစ်တပ်လည်းမတိုက်ပါနဲ့ သျှမ်းပြည်က နှစ်ပေါင်း (၆၀) ကျော်ရှိပြီ။

စစ်ဘေးစစ်ဒဏ်ကို ခံရလို့ စစ်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားသွားပြီးတော့ နေရတဲ့အတွက်ကြောင့်မလို့ သျှမ်းပြည်သူလူထုက အရမ်းဒုက္ခရောက်တယ်။
သျှမ်းပါတီ စစ်စစ် တစ်ဖွဲ့အနေနဲ့ သျှမ်းပြည်သူလူထုကို အရမ်းသနားတယ်။ ပြည်သူတွေကို ဒုက္ခမရောက်စေချင်ဘူး။

အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်စားသောက်စေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ကြီးပွားချမ်းသာ စေချင်တယ်။

လူငယ်တွေလည်း ပညာတတ်ပြီးတော့ ကျောင်းပညာကောင်းကောင်းသင်နိုင်အောင် ဖြစ်စေချင်တယ်။ အန်ကယ်တို့ နိုင်ငံရေးလုပ်တာ ဒီရည်ရွယ်ချက် နဲ့ လုပ်တာပါ။

မေး ။ ။ အန်ကယ်အနေနဲ့ လက်ရှိနိုင်ငံရေး ပြဿနာကိုဘယ်လိုဖြစ်စေချင်လဲ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။ ။ အန်ကယ်တို့က သျှမ်းတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားတွေ အားလုံးက ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်။

ဒီမိုကရေစီတစ်ခုတည်းနဲ့ ငြိမ်းချမ်းရေး ပြဿနာ မဖြေရှင်းနိုင်ဘူး။ ဒီမိုကရေစီ တစ်ခုတည်း လုပ်မယ်ဆိုလို့ရှိရင် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသားက ၅၀ ရာခိုင်နှုန်းကျော်တယ်။

ကျနော်တို့ တိုင်းရင်းသားတွေက ဘယ်လိုမှ သူတို့ကို မကျော်နိုင်ဘူး။ မကျော်နိုင်တော့ အန်ကယ်တို့က ဘာလိုချင်လဲဆိုတော့ ရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် ပင်လုံစာချုပ် စာပိုဒ် အပိုဒ် (၅) နဲ့ အပိုဒ် (၇) အရ ဒို့သျှမ်းပြည်နယ်က သျှမ်းပြည်သူလုထုကပဲ အုပ်ချုပ်ရမယ်။

တခြားပြည်နယ်က ပုဂ္ဂိုလ်လာအုပ်ချုပ်တာ အန်ကယ်တို့ မကြိုက်ဘူး။ အန်ကယ်တို့ ဘာလိုချင်လဲ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်ချင်တယ်။ Power Sharing အာဏာခွဲဝေမှု အပြည့်အဝလိုချင်တယ်။ သယံဇာတခွဲဝေမှု အပြည့်အဝ လိုချင်တယ်။ နောက်ပြီးတော့ အခွန်အခတွေ ခွဲဝေမှု လိုချင်တယ်။

အန်ကယ်တို့ သျှမ်းပြည်နယ် အစိုးရအဖွဲ့ ဖြစ်စဉ်အခါတုန်းက အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုပြီးတော့ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ဘာတွေ ဘယ်လို ဖြစ်စေချင်သလဲဆိုပြီးတော့ ဒို့သျှမ်းပြည်နယ်အစိုးရကို မေးလာတယ် မေးခွန်း။ မေးလာတဲ့ခါ အန်ကယ်တို့ ကက်ပိနက် အစည်းအဝေးထဲမှာ ဘယ်လိုဆုံးဖြတ်ထားလဲဆိုတော့ အန်ကယ်ပဲ စာတမ်းရေးပြီးတော့ တင်လိုက်တယ်။

တိုင်းဒေသကြီး နဲ့ ပြည်နယ်မှာ ထွက်ရှိတဲ့ မြေပေါ်မြေအောက် သယံဇာတများအားလုံး အခွန်အခများအားလုံး အခွန်အခဆိုတာ နယ်စပ်ဒေသရော ပြည်နယ်တွေမှာရော ရရှိတဲ့ အခွန်အခတွေအားလုံး ဒီသယံဇာတတွေအားလုံး အခွန်ခတွေအားလုံး ရရှိတဲ့ဟာတွေ အားလုံးက ပြည်နယ်အစိုးရတွေမှာ ၇၀ ရာခိုင်နှုန်း ရ ရမယ်။

ပြည်ထောင်စု အစိုးရက (၃၀) ရာခိုင်နှုန်းပဲ ရရမယ်လို့ အန်ကယ်တို့က တင်ခဲ့တယ်။ အန်ကယ်တို့ ဘာကြောင့် ဒီလိုပြောလဲဆိုတော့ အန်ကယ်တို့က ဖက်ဒရယ်ပြည်ထောင်စုပဲ လိုချင်တယ်။ ဒီမိုကရေစီဖက်ဒရယ်မဟုတ်ဘူး။။ ဖက်ဒရယ် ဒီမိုကရေစီ လိုချင်တယ်။ အဲ့ဒါပါပဲ။

စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် SNDP ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကို သျှမ်းသံတော်ဆင့်က ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...