Tuesday, January 27, 2026

ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား (၁၀၁)ဦးထဲတွင် ကိုဗစ် (၄)ဦးတွေ့ရှိ

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၀၁) ကို ယနေ့ (မေ ၁၇)ရက် မနက် (၈)နာရီကျော်တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ထိုထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၄)ဦးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၀၁)ဦးထဲတွင် အမျိုးသား (၅၁)ဦးနှင့် အမျိုးသမီး (၅၀)ဦးရှိကြောင်း၊ ထိုသူများကို ကိုဗစ်-၁၉ ပိုးတွေ့သူ ၄ဦး ကို တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ထိုပြန်ပို့ခံရသည့်သူများသည် ထိုင်းနိုင်ငံ အသီးသီမှ ပြစ်ဒဏ်ကျကာ ပြစ်ဒဏ်ရက်စေ့ပြီး ပြန်လွှတ်လာသူများ ဖြစ်ကြောင်း သိရသည်။

“ထိုင်းဘက်က လွှဲပြောင်းလာတဲ့ တရားမဝင် နိုင်ငံသားတွေကို ကျနော်တို့ လက်ခံပြီးတော့ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသ တွေကို ပြန်လွှဲပြောင်းပေးမယ်။ကုန်ကျစရိတ်ကတော့ ကိုယ့်ဘာသာကိုယ်ပေးရမယ်” ဟု အဆိုပါ ကော်မတီ တစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေသေးသည့် အတွက် ထိုင်းနိုင်ငံတွင် လုံခြုံရေး တင်းကြပ်နေသေးပြီး၊ နယ်စပ်မျဉ်းတွင် သံဆူးကြိုးများ ကားထားကာ အစောင့်များလည်း ချထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်လာသော်လည်း နယ်စပ်လုံခြုံရေးများ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

နယ်စပ်ဘက်မှ လုံခြုံရေး တင်းကြပ်စွာ ရှိထားပေမယ့် ထိုင်းဘက်သို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ လည်း နေ့စဉ်နှင့်အမျှ ဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူအများအပြား အလုပ်အကိုင် အခွင့်အလမ်း ထိခိုက်သဖြင့် ထိုင်းနိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူ များပြားလာသည်။

ယနေ့ မေ (၁၇) ရက် နေ့လည် ၁၂ နာရီခွဲ ဒေသစံတော်ချိန်အရ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း (၁၁၁ ၀၈၂) ဦး၊ ယနေ့ လူနာအသစ် (၉၆၃၅) ဦး ဦးရှိကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ရွှေလီမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ စစ်ဆေးမှုကို လက်မခံ

0
မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စု ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ လာရောက်စစ်ဆေးပေးခြင်းကို လက်မခံကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထိုကျေးရွာအုပ်စုထဲတွင် တရုတ်အစိုးရ ကျန်းမာရေးဌာနက ကိုဗစ် -...

မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...

တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ချို့ ကိုဗစ်လူနာ လက်ခံကုသပေးခြင်းမရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါတစ်ကြော့ ပြန်လည်များလာပြီး ပိုးတွေ့လူနာများကို တစ်ချို့ ပုဂ္ဂလိက ဆေးရုံများက လက်ခံကုသပေးခြင်းမရှိတော့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် သံဃာတော်တစ်ပါး တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးလာကုသရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသောကြောင့် ဆေးလက်ခံ...

ရွှေလီမြို့ ကိုဗစ် – ၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် Lockdown ပြန်လည်ချထား

0
မြန်မာ - တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့အတွင်း ကိုဗစ် - ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ရွှေလီမြို့ တမြို့လုံးကို Lockdown ပြန်လည်ချထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက် မနက် (၁) နာရီ မှ စတင်ပြီး...