စစ်ကောင်စီ စစ်ဆေးမှု ကို လက်မခံသည့် အမျိုးသမီး သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှစစ်ဆေးမှုကိုလက်မခံသဖြင့် အမျိုးသမီး တစ်ဦး သေနတ်ပစ်ခံရကြောင်းသိရသည်။

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းတွင် မေ (၁၂)ရက် ညနေ (၃)နာရီတွင် စစ်ကောင်စီမှ ကား၊ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေစဉ် အမျိုးသမီးသမီး က ဆိုင်ကယ်လှည့်ထွက်သွားသဖြင့် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်ကြောင်း၊ အမျိုးသမီး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကြီး ဒေသခံများပြောပြချက်အရသိရသည်။

“ ဟုတ်ပါတယ်။အဲနေ့က အနောက်မြို့ပတ်လမ်းမှာ ၃ နာရီလောက် လာသမျှဆိုင်ကယ်တွေ၊ကားတွေကို တားပြီးစစ်တယ်။ ထွက်ပြေးတဲ့သူတွေကို အကုန်ပစ်တာ။ အဲမှာအမျိုးသမီးတစ်ယောက်က ပြန်ကွေ့ပြေးတော့ သူတို့ပစ်တာ လက်ထိ သွားတယ်” ဟု မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် နေရာအနှံ့ စောင့်ဆိုင်းပြီး စစ်ဆေးမှု ပြုလုပ်နေကြောင်း၊ တချို့ လူများသည် စစ်ကောင်စီ ဖမ်းဆီးမှုကို ကြောက်ရွံ့သဖြင့် ဆိုင်ကယ်ထားပြီး ထွက်ပြေးသွားသည့် ဖြစ်စဉ်လည်း ရှိကြောင်း သိရသည်။

“ လူငယ်ယောင်္ကျားလေးတွေဆိုရင် သူတို့ ရိုက်နှက်တာတွေ လုပ်မှာ ဆိုးလို့ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ရင် ထားပြီး ထွက်ပြေးလိုက်တာပဲ။ ဒီလူတွေ က စစ်ရင်လည်းကောင်းကောင်းမစစ်ဘူး။ ရိုက်နှက်တယ်။ ခြေထောက်နဲ့ ကန်တာကို” ဟု တောင်ကြီးတွင် နေထိုင်သည့် အမျိုးသားတဦး ကပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီ မှ လမ်းသွားလမ်းလာ ကားများကို တားပြီး စစ်ဆေးမှုပြုလုပ်ရာ စိတ်အလိုမကျဖြစ်ပါက လူငယ်များ ရိုက်နှက်မှု ၊ခြေထောက်ဖြင့် ကန်မှု နှင့် ထိုးနှက်မှုတို့ကို မကြာခဏ ကြုံနေရကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ ၏ ပြုမူမှုကို ကြောက်နေရကြောင်း လည်း တောင်ကြီး ပြည်သူက ပြောသည်။

“ ငွေပေးရရင်တော်သေးတယ်။ အခုက ရိုက်နှက် စစ်ဆေးတယ်။ မထင်ရင် ကန်တော့ လူတွေလည်း သူတို့နဲ့ တိုးမှာ ကြောက်တာပေါ့။ ရှောင်ထွက်တော့လည်း သေနတ်ပစ်ခံရတယ်” ဟု တောင်ကြီး ဒေသခံလူငယ်တဦး က ဆိုသည်။


အလားတူ ယမန့်နေ့တွင်လည်း သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ တွင် လမ်းသွားလမ်းလာ လိုင်စင်မဲ့ ဆိုင်ကယ်၊ကားများကို စစ်ဆေးပြီး တစ်ဦးလျှင် ငွေ ၃ သိန်းကျပ်တောင်းနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...