မိုးမောက် စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ထင်းများလိုအပ်နေ

ကချင်ပြည် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်တပ်မတော်(KIA) တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်များအတွက် အမိုးအကာများ ချက်ပြုတ်ရန်အတွက် ထင်းများ လိုအပ်လာကြောင်း စုံစမ်းသိရှိရသည်။

ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင် (၄၈၀၀) ကျော် ရှိပြီး ၎င်းတို့အထဲတွင် သျှမ်းလူမျိုးများ နေထိုင်သည့် ကျေးရွာ (၅၀) ကျော် ရွာလုံးကျွတ်သည် ဗန်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းများ၊ ဘုန်းကြီးကျောင်းများ၊ ကျေးရွာများ၊ စသည့် နေရာများသို့ စစ်ရှောင်များ လာရောက်နေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်များအတွက် အလှူရှင်များမှ စားနပ်ရိက္ခာများ ငွေများ လှူတန်းသည်ထက် ရေရှည်အတွက် ချက်ပြုတ်ရေးမှာ မရှိမဖြစ် ထင်းများလည်း လိုအပ်လာကြောင်း နှင့် အမိုးအကာများ လည်း လိုအပ်ကြောင်း စစ်ရှောင်ကော်မတီ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စစ်ရှောင်တွေများလာပြီဆိုရင်စားနပ်ရိက္ခာတွေ သွားလှူကြတယ်။ ဒါပေမယ့် သူတို့ ချက်ပြုတ်စားသောက်ဖို့ ထင်းတွေကဘယ်သူမှ မလှူကြဘူး။ ၁၀ ရက်အတွင်းကတော့ အဆင်ပြေပေမယ့် လနဲ့ချီလာရင် ထင်းတွေလည်း ရှားပါးလာမယ်။နောက်မိုးရွာသီရောက်ပြီဆိုတော့ အမိုးအကာတွေလိုမယ်” ဟု စစ်ရှောင်ကော်မတီဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးသဖြင့် စစ်ဘေးရှောင်များနေအိမ်သို့ပြန်ရန် အဆင်မပြေသေးကြောင်း၊ စစ်ဘေးရှောင်စခန်းတွင် ဆက်လက်နေထိုင်ရမည်ဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် ရေရှည်လိုအပ်ချက်ကို ကူညီပေးရန် စစ်ရှောင်ကော်မတီက တောင်းဆိုလိုက်သည်။

“လွန်ခဲ့တဲ့ (၂) ရက်က အသံတွေ ငြိမ်သွားတော့ စစ်ရှောင်တွေ အနည်းအကျဉ်း အိမ်ပြန်သွားကြတယ်။ မနေ့က ပစ်ခတ်သံ ပြန်ရှိတော့ ပြန်ပြေးလာကြရတယ်။ ခုထိ စစ်ကတော့ ဖြစ်နေတုန်းပဲ” ဟု ကော်မတီ တစ်ဦးကပြောသည်။

မိုးရာသီရောက်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးအပိုင်းလည်း လိုအပ်သလို ကလေးများအတွက် ပညာရေးအပိုင်း လည်း လိုအပ်လာကြောင်း စစ်ရှောင်ကော်မတီအဖွဲ့ဝင် တဦး ကပြောသည်။

“မိုးရာသီရောက်လာပြီဆိုရင် ခြင်တွေလည်း များလာမယ်။ ကလေးရော လူကြီးရော ကျန်းမာရေးအတွက်လဲ လိုအပ်တယ်။ အဲ့ဒီအပိုင်းတွေလည်း စဉ်းစားပြီးတော့ လှူဒါန်းပေစေချင်တယ်။” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားကြသည့်အတွက် စစ်ရှောင်များ နေရပ်သို့ ၁ လကျော်ကြာ စစ်ဘေးရှောင်နေကြရသည်။

“ပညာရေးအပိုင်း ကလေးတွေက စစ်ရှောင်နေရတဲ့အချိန်မှာ သူတို့တွေက စာမသင်ရဘူး ဒီတိုင်းပဲ နေ့တိုင်း ထ မယ် ကစားမယ် အိပ်မယ်ဆိုတော့ ပညာရေးအပိုင်းမှာလည်း နှောင့်နှေးလာတော့ လှူတန်းတဲ့ အပိုင်း မှာလည်း ကလေးတွေ အတွက် ဖတ်စရာ စာအုပ်တွေ အနည်းဆုံးတော့ သူတို့ ပုံဆွဲချင်လည်းဆွဲမယ်” ဟု စစ်ဘေးရှောင် ကော်မတီ ဝင်တဦး ကဆိုသည်။

မိုးမောက်မြို့နယ်တွင် စစ်ရေးပြင်းထန်နေလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီမှ ရဟတ်ယာဉ်သုံးကာ လေကြောင်းလိုင်းဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်များစွာ ပျက်စီးခဲ့ရသည်။


မေ(၃) ရက်နေ့တွက် မိုးမောက်မြို့နယ် ကုန်းလောက်ကျေးရွာအနီး စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA မှ ပစ်ချလိုက်နိုင်ပြီး တိုက်ပွဲဖြစ်ပွားကာ ကုန်းလောကျေးရွာမှ ဘုန်းကြီးတစ်ပါး ပျံလွန်ခဲ့ရပြီး ဒေသခံ (၃) ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။