Tuesday, January 27, 2026

မိုးမောက်မြို့နယ် သျှမ်းတောင်သူများ လယ်ယာရိတ်သိမ်းမှု မပြုရန် စစ်ကောင်စီမှ ခြိမ်းခြောက်

ကချင်ပြည် မိုးမောက်မြိုု့နယ် အတွင်း နေထိုင်သည့် သျှမ်းတောင်သူများ လယ်ယာ လုပ်ငန်းများသွားရောက် မလုပ်ကိုင်ရန် ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိ အချိန်ကာလသည် ကချင်ပြည်နေ သျှမ်းတောင်သူများသည် မြေပဲ၊ ပြောင်းဖူးများ ရိတ်သိမ်းချိန်ကာလဖြစ်ကြောင်း၊ တောင်သူများကို သွားရောက် ရိတ်သိမ်းမည်ဆိုပါက စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်သတ်မည် ဟု ခြိမ်းခြောက်နေ သဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ အခုက ရွာသားတွေ လယ်ထဲသွားလို့မရဘူး။ သူတို့မြေပဲတွေ၊ ပြောင်းဖူးတွေ သွားရိတ်သိမ်းလို့မရတော့ဘူး။ သွားရင်စစ်ကောင်စီမှ ပစ်မယ်လို့ပြောတယ်။ ပြည်သူတွေ ရှေ့ဆက် စိုက်ပျိုးဖို့ အခက်ခဲတွေရှိလာနိုင်တယ်။” ဟု ကချင်ပြည် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) မှ စိုင်းကျော်သီဟ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုးမောက်မြိုနယ်ရှိ မြေပဲ၊ ပြောင်းဖူး စိုက်ပျိုးထားသည့် ဧက (၁၀၀၀)ကျော်ရိတ်သိမ်းခွင့်မရသေးသဖြင့် စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်းလည်း စိုင်းကျော်သီဟ က ပြောသည်။

“ အခုက အရမ်းကိုခက်ခဲနေပါတယ်။ ဧက (၁၀၀၀) ကျော်ကရှိတယ်။ အားလုံးက စားဝတ်နေရေးအတွက် လယ်ယာနဲ့ပဲ လုပ်ကိုင်စားသောက်နေကြတယ်။ အခုက စပါးသွားစိုက်လို့လဲ မရဘူး။ သူတို့ ကြိုးနီးတားထားတယ်” ဟု စိုင်းကျော်သီဟ က ထပ်လောင်းပြောသည်။

မိုးမောက်မြို့နယ် အတွင်း တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီအုပ်စု စစ်ရေး ပြင်းထန်နေသည့် နေရာတခုဖြစ်ပြီး၊ စစ်ကောင်စီ အုပ်စုမှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲမှုကြောင့် သျှမ်းရွာ အမြောက်အများပျက်စီးဆုံးရှုံးကာ အရပ်သား (၃) ဦး သေဆုံးခဲ့ရသည်။

ထိုနေရာသည် အများစုက သျှမ်းတိုင်းရင်းသားများနေထိုင်ပြီး ကျေးရွာပေါင်း ၉ ရွာလောက်က အခက်ခဲများ ကြုံတွေ့နေရသည်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲဆက်လက် ပြင်ထန်းနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...