Tuesday, January 27, 2026

တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက်

မြန်မာ-ထိုင်း နယ်စပ် သျှမ်းရှေ့ တာချီလိတ်မြို့တွင် ကုန်ပစ္စည်းကို အလုယက် ဝယ်ယူနေသဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ မေလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းကုန်ပစ္စည်း ၅ မျိုးကို တင်းသွင်းခွင့် ပိတ်ထားလိုက်မည်ဟု ကြေညာပြီးနောက် ကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်သဖြင့် အလုအယက်ဝယ်ယူကြသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ တက်လာနေကြောင်းသိရသည်။

“ထိုင်းစားသောက်ကုန် တွေ ဈေးတက်လာတယ်။ ထိုင်းကုန်ပစ္စည်းအားလုံးနီးပါး တက်နေတယ်။ အချိုရည်လည်း ဘတ် ၁၀ (၄ ထိတက်တယ်။ ၁ ရက်နေ့ နောက်ပိုင်းပိုဆိုးလာမလား မပြောတက်သေးဘူး” ဟု တာချီလိတ် ကုန်စုံရောင်းနေသူ တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ကုန်သည်ကြီးများ၏ ပစ္စည်းထား ဂိုဒေါင်တွင် အကြမ်းဖက်စစ်ကောင်စီ မှ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ကာ အခွန်ငွေ(ဆက်ကြေး) အဆမတန် တောင်းနေသဖြင့် ကုန်သည်များက စိုးရိမ်စိတ်ဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူသိုလှောင်ခြင်း မပြုလုပ်တော့ကြောင်း တာချီလိတ် ကုန်သည်များက ပြောသည်။

“ ကျမတို့ ထိုင်းပစ္စည်းတွေ ဝယ်ပြီး သိုလှောင်တာ မလုပ်ရဲဘူး။ သူတို့က ဝင်စစ်တယ်။ နောက်လိုချင်တာ ယူတယ်။ အခွန်တွေလည်း အဆမတန် တောင်းနေတယ်” ဟု တာချီလိတ် ကုန်သည်ကြီး အမျိုးသမီး တဦး က ဆိုသည်။

ထို့အပြင် ပြည်သူများနေ့စဉ် စားသောက်နေသည့် အခြေခံ စားသောက်ကုန်ပစ္စည်း (၅)မျိုးကို အကြမ်းဖက်စစ်ကောင်စီမှ နယ်စပ်တင်သွင်းခွင့်ကို ပိတ်သည် အကြောင်းအမျိုးမျိုးရှိနိုင်ကြောင်း၊ ထိုကုန်ပစ္စည်းများ တင်ရောင်းမည်ဆိုပါက အကြမ်းဖက်ကောင်စီမှ အဆမတန် အခွန်တောင်လာနိုင်ကြောင်လည်း ကုန်သည်များက သုံးသပ်ပြောသည်။

ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်း (၅)မျိုး တင်သွင်းခွင့် ပိတ်လိုက်ခြင်းသည် နယ်စပ် ကုန်သည်များနှင့် စားသုံးသူများအတွက် အကြပ်အတည်း တခု ဖြစ်လာနိုင်သည်။

မြန်မာ-ထိုင်းနယ်စပ် တလျောက် တင်သွင်းနေသည့် ကုန်ပစ္စည်း (၅)မျိုးဖြစ်သည့် အချိုရည်၊ ကော်ဖီ၊ တီးမစ် နှင့် နို့ဆီ၊နို့စိမ်း များကို မေ (၁)ရက်မှစတင်ကာ ယာယီပိတ်ဆိုင်းမည် ဟု အကြမ်းဖက်စစ်ကောင်စီ က ကြေညာခဲ့သည်။

ထိုသို့ ကုန်ပစ္စည်း ၅ မျိုးကို နယ်စပ်ဖက်မှတင်သွင်းခွင့်မပြုလိုက်သည့်အကြောင်းရင်းသည် ပြည်သူများကို စစ်တပ်ပိုင်း ကုန်ပစ္စည်းများနှင့် တရုတ်ထုတ်ကုန်များကို ပြန်လည်သုံးစွဲလာရန်အတွက် ရည်ရွယ်သည်ဟု နယ်စပ် ကုန်သည် တစ်ချို့က သုံးသပ်ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

တာချီလိတ်မြို့နယ် စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ် ဘတ် ၁၃၀၀ ကောက်ခံနေ

0
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့်...