Wednesday, January 28, 2026

သီပေါမြိုု့နယ် ရွေးကော် ဥက္ကဌ နေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ယမန့်နေ့ (ဧပြီ ၂၉ ) ရက် ည ၁၁ နာရီဝန်းကျင်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နေအိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သီပေါမြို့ နယ်မြေ ၂ တောင်မြို့ရပ်ကွက် တွင်နေထိုင်သည့် မြို့နယ်ရွေးကောက် ဥက္ကဌ ဦးစိုင်းသာလှိုင်၏ နေ အိမ်တွင် လက်လုပ်မိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သီပေါမြို့ ဒေသခံတဦး ကပြောသည်။

“ လမ်းပေါ်ကနေ ပစ်တက်သွားတာ။ သူတို့ အိမ်ရဲ ဝန်းရံတာပေါ်ကျတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့မရှိဘူး။ ပျက်စီးတစ်ချို့တော့ပျက်စီးသွားတယ်” ဟု သီပေါမြို့ မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဦးစိုင်းသာလှိုင်သည် သီပေါမြို့တွင် ဒလံဖြစ်သည်ဟု နာမည် ထွက်ပေါ်နေသောကြောင့် ဒလံ ရှင်းလင်းရေး အဖွဲ့က သွားရောက်ပြုလုပ်ခဲ့သည် ဟု သိရသည်။

“ ဘယ်အဖွဲ့ကလာပစ်တာလဲတော့မသိဘူး။ သူကတော့ သီပေါမှာ ဒလံအကြီးစား ဆိုပြီးတော့ နာမည်ထွက်နေတယ်။ ဒလံရှင်းလင်းရေးအဖွဲ့ကဘဲဖစ်နိုင်မလားတော့မသိဘူး” ဟု သပိတ်ခေါင်းဆောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သီပေါမြို့တွင် ဧပြီ (၂၆) ရက်နေ့တွင် ဒလံများကို သတိပေးစာ၊ လုပ်ရပ်က မရပ်တန့်ပါက မနေနိုင်အောင်သီပေါမြို့မှ ရှင်းလင်းသွားမည်ဟု ထုတ်ပြန်ကြောညာထားသည်။

အလားတူ သီပေါမြို့ ဧပြီ (၂၇) ရက်နေ့တွင်လည်း ဒုပညာရေးမှူးက CDM ဆရာများကို ဖိအားပေးသောကြောင့် ဒလံရှင်းလင်းရေးအဖွဲ့မှ ပညာရေးမှူးရုံးကို လက်လုပ်မိုင်း ပစ်ဖောက်ခဲ့သည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

0
သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

တာချီလိတ် ပေါက်ကွဲမှုဖြစ်ပွား အမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည် တာချီလိတ်မြို့ တွင် ယနေ့ (မတ် ၈)ရက် နံနက် ၇နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်အကြားတွင် အာခါဈေးလမ်းဘက်ရှိ ခြံဝန်းတစ်ခုတွင် ယနေ့ (မတ်လ ၈) ရက် နံနက်၇ နာရီဝန်းကျင်၌...

ကျိုင်းတုံမြို့နယ်အတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်၊ ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက်နည်း ရှိနေ

0
သျှမ်းပြည် ကျိုင်းတုံမြို့နယ်အတွင်း၌ ပေါက်ကွဲမှု နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ၅ ဦးထက်မနည်း ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( ဖေဖော်ဝါရီလ ၁၃) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင် တွင် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် (၁၆)...

လားရှိုးမြို့ပေါ်ရှိ ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်၊ (၅) ဦးထက်မနည်းဒဏ်ရာရ၊ (၁) ဦးသေဆုံး

0
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် အမှတ်( ၂) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၅) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသည့်အပြင် (၁) ဦးသေဆုံးသွားကြောင်း သတင်းသိရသည်။ . ယနေ့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း ၅ နာရီ ၂၅ မိနစ်အချိန်တွင် လားရှိုးမြို့...

မူဆယ်မြို့နယ် တပ်ရင်းမှူး ပစ်ခတ်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မူဆယ်မြို့နယ်တွင်း လုံခြုံရေး အင်အား ပိုမိုတင်းကြပ်လာကြောင်း ဒေသတွင်း ကားသမားများထံမှ စုံစမ်း သိရှိရသည်။ မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ် မှ စတင်ပြီး မူဆယ်မြို့ ဝင်နားအထိ စစ်ကောင်စီ...