နမ္မတူမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲကြောင့် အရပ်သားနေအိမ်များ မီးထပ်မံလောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယမန်နေ့ (ဧပြီ ၂၁)ရက် တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားနေအိမ်များ မီးထပ်မံလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဧပြီ (၂၁) ရက်တွင် နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံကျေးရွာ၊ ရေအိုးကျေးရွာ နှင့် မန်ဆာ ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားမှု ကြောင့် ဒေသခံ နေအိမ် ခန့်မှန်းခြေ (၇)လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း နမ္မတူစစ်ရှောင် ကူညီနေသည့် သူများက ပြောသည်။

“မနေ့ က မနက်ကနေ နေ့လည်လောက် တိုက်ပွဲတွေဖြစ်ကြတယ်။ နေအိမ်တွေ မီးလောင်သွားပြီး ဘယ်သူ့အိမ် ဆိုတာတော့ တိတိကျကျ အတည်ပြုလို့တော့ မရသေးဘူး။ ခန့်မှန်းခြေက (၆)အိမ်၊ (၇)အိမ်ရှိတယ်။ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်” ဟု နမ္မတူစစ်ဘေးရှောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဧပြီ (၄) ရက်နေ့ နှင့် မတ်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပန်လုံကျေးရွာတွင် နေအိမ် (၂၈) လုံး မီးလောင် ပျက်ဆီးခဲ့ရကြောင်း၊ ထိုမီးလောင်ပျက်စီးပျက်စီးသွားသည့် ကျေးရွာများတွင်နေထိုင်သည့် ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။

“ဒေသခံတွေ ထွက်ပြေးကြတာ ရွာတောင်ပျက်တယ်။ နမ့်ဆန်၊ သီပေါ၊ မန်စံ တွေ ဘက် ပြေးကုန်ကြပြီ။” ဟု ဒေသခံ တစ်ဦး ကပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့ တိုက်ပွဲကြောင့် နမတူမြို့နယ်အတွင်းရှိ စစ်ရှောင်များ (၂၀၀၀) ခန့် ရှိနေပြီး ၎င်းတို့သည် စားနပ်ရိကာအတွက် အခက်ခဲဖြစ်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...