RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ်

RCSS/SSA ၏ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း တပ်စခန်းကို ဦးတည်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ယနေ့ (ဧပြီ၂၁)ရက် မနက်တွင် လက်နက်ကြီး ၃ချက် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

RCSS/SSA၏ လွိုင်တိုင်းလိုင်း ဌာနချုပ်ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ (၂၁) ရက် မနက် ၈ နာရီခွဲအချိန်တွင် ဌာနချုပ်၏ အနောက်ဘက်တွင် လက်နက်ကြီး ၃ ချက်ခန့် ပစ်ခဲ့သော်လည်း RCSS/SSA ဘက်မှ တုန့်ပြန်ခဲ့ခြင်းမရှိကြောင်း RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဌာနချုပ်ရဲ့ အနောက်ဘက် နည်းနည်းကျတယ်။ အဲ့ကနေ လက်နက်ကြီးနဲ့ ၃ ချက်လောက်ပစ်တယ်။ 81 mm မော်တာ နဲ့ ပစ်တာပါ။ စစ်ရေးအရတော့ ကျနော်တို့ မှတ်ချက်မပေးသေးပါဘူးခင်ဗျာ။” ဟု ဗိုလ်မှူးခမ်းစံ ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် RCSS/SSA ဌာနချုပ်တည်ရှိရာ လွိုင်တိုင်းလျန်းကို ဦးတည်ပြီး ပစ်ခတ်နေသည့် အပေါ် RCSS/SSA ကို စစ်ရေး အရ စိန်ခေါ်နေသည့်သဘော ရှိနေကြောင်းလည်း သျှမ်းပြည်လူထုက မှတ်ချက်ပြုလိုက်သည်။

သို့သော် RCSS/SSAဘက်မှ လက်ရှိအချိန်ထိ တစုံတရာ တုန့်ပြန်မှုမရှိသေးသည့်အပေါ်လည်း သျှမ်းလူထုက စဉ်းစားစရာဖြစ်နေကြောင်းလည်း ပြောဆိုလိုက်သည်။

ယမန်နေ့ ည တွင်လည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် ရှိ RCSS/SSA တပ်စခန်းကို တရစပ် ပစ်ခတ်မှုပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

ဧပြီ (၁၈) ရက် ညနေပိုင်းအချိန်မှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် RCSS/SSA ၏ လွိုင်ကော်ဝမ်း စခန်းရှိ ပစ်ခတ်ခဲ့ရာ စစ်ရှောင် ဒုက္ခသည်များနေထိုင်သည့် ကျေးရွာထဲသို့ ကျခဲ့ပြီး စစ်ရှောင်များလည်း ထပ်မံ ရှောင်တိမ်းနေရသည်။

ယခုရက်ပိုင်း အကြမ်းဖက် စစ်ကောင်စီသည် RCSS/SSAတပ်စခန်းများကို လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်နေမှုကြောင့် မြန်မာ-ထိုင်းနယ်စပ် တွင်နေထိုင်သည့် သျှမ်းစစ်ရှောင်းများ အလွန်ပင် စိုးရိမ်ပူပန်နေကြပြီး၊ လက်ရှိမှာ ထိုင်းနိုင်ငံဘက်ခြမ်း ပြောင်းရွှေ့နေထိုင်ရန်လည်း ထိုင်းအစိုးရ အဖွဲ့နှင် ဆွေးနွေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...