Tuesday, January 27, 2026

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းကို ဦးတည်ပြီး စစ်ကောင်စီ မှ လက်နက်ကြီး (၃)ချက် ပစ်

RCSS/SSA ၏ ဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်း တပ်စခန်းကို ဦးတည်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက ယနေ့ (ဧပြီ၂၁)ရက် မနက်တွင် လက်နက်ကြီး ၃ချက် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

RCSS/SSA၏ လွိုင်တိုင်းလိုင်း ဌာနချုပ်ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ (၂၁) ရက် မနက် ၈ နာရီခွဲအချိန်တွင် ဌာနချုပ်၏ အနောက်ဘက်တွင် လက်နက်ကြီး ၃ ချက်ခန့် ပစ်ခဲ့သော်လည်း RCSS/SSA ဘက်မှ တုန့်ပြန်ခဲ့ခြင်းမရှိကြောင်း RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဌာနချုပ်ရဲ့ အနောက်ဘက် နည်းနည်းကျတယ်။ အဲ့ကနေ လက်နက်ကြီးနဲ့ ၃ ချက်လောက်ပစ်တယ်။ 81 mm မော်တာ နဲ့ ပစ်တာပါ။ စစ်ရေးအရတော့ ကျနော်တို့ မှတ်ချက်မပေးသေးပါဘူးခင်ဗျာ။” ဟု ဗိုလ်မှူးခမ်းစံ ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် RCSS/SSA ဌာနချုပ်တည်ရှိရာ လွိုင်တိုင်းလျန်းကို ဦးတည်ပြီး ပစ်ခတ်နေသည့် အပေါ် RCSS/SSA ကို စစ်ရေး အရ စိန်ခေါ်နေသည့်သဘော ရှိနေကြောင်းလည်း သျှမ်းပြည်လူထုက မှတ်ချက်ပြုလိုက်သည်။

သို့သော် RCSS/SSAဘက်မှ လက်ရှိအချိန်ထိ တစုံတရာ တုန့်ပြန်မှုမရှိသေးသည့်အပေါ်လည်း သျှမ်းလူထုက စဉ်းစားစရာဖြစ်နေကြောင်းလည်း ပြောဆိုလိုက်သည်။

ယမန်နေ့ ည တွင်လည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် ရှိ RCSS/SSA တပ်စခန်းကို တရစပ် ပစ်ခတ်မှုပြုလုပ်နေကြောင်းလည်း သတင်းရရှိသည်။

ဧပြီ (၁၈) ရက် ညနေပိုင်းအချိန်မှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် RCSS/SSA ၏ လွိုင်ကော်ဝမ်း စခန်းရှိ ပစ်ခတ်ခဲ့ရာ စစ်ရှောင် ဒုက္ခသည်များနေထိုင်သည့် ကျေးရွာထဲသို့ ကျခဲ့ပြီး စစ်ရှောင်များလည်း ထပ်မံ ရှောင်တိမ်းနေရသည်။

ယခုရက်ပိုင်း အကြမ်းဖက် စစ်ကောင်စီသည် RCSS/SSAတပ်စခန်းများကို လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်နေမှုကြောင့် မြန်မာ-ထိုင်းနယ်စပ် တွင်နေထိုင်သည့် သျှမ်းစစ်ရှောင်းများ အလွန်ပင် စိုးရိမ်ပူပန်နေကြပြီး၊ လက်ရှိမှာ ထိုင်းနိုင်ငံဘက်ခြမ်း ပြောင်းရွှေ့နေထိုင်ရန်လည်း ထိုင်းအစိုးရ အဖွဲ့နှင် ဆွေးနွေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...