ကချင်ပြည်နယ် မိုးမောက်မြို့နယ် တိုက်ပွဲကြောင့် သျှမ်းရွာ (၅၀)နီးပါးရွာလုံးကျွတ် ထွက်ပြေးနေရ

ကချင်ပြည် မိုးမောက်မြို့နယ်တွင် KIA တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ စစ်ရေး ပြင်ထန်းလာမှုကြောင့် သျှမ်းလူထုနေထိုင်သည့် ကျေးရွာ (၅၀)နီးပါး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယခုလ (ဧပြီ ၁၀)ရက် မှစတင်ကာ တိုက်ပွဲပိုမိုပြင်းထန်လာကာ ထိုအနီးတွင်နေထိုင်သည့် ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


“ တိုက်ပွဲဖြစ်နေတဲ့ အနီးမှာ သျှမ်းတွေ နေတဲ့ ရွာတွေ (၅၀)လောက်ရှိတယ်။ရွာတွေ အားလုံး ထွက်ပြေးနေရတယ်။ လက်ရှိတော့ စစ်ဘေးရှောင်တွေက ဗန်းမော်ခရိုင် မိုးပေါက်မြို့မှာသွားခိုးလှုံတာရှိတယ်။ တစ်ချိုက ဘုန်းကြီးကျောင်းမှာ သွားခိုးလှုံတာရှိတယ်” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ စိုးမိုးအောင်က ပြောသည်။


ကချင်ပြည်နယ် မိုးမောက်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် တောင်ကုန်းကို KIA တပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုတောင်ကုန်းကို အကြမ်းဖက် စစ်ကောင်စီ ပြန်လည်ရရှိရန် အတွက် ကြိုးစားနေပြီး၊ စစ်ရေးမှာ ပိုပြင်းထန်လာနိုင်ကြောင်း လည်း သိရသည်။


“ ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်ရေးက ပိုဖြစ်လာမယ်ထင်တယ်။ မနေ့က စစ်တပ်ကနေပြီးတော့ စစ်အင်အားဖြည့်လာတယ်။ KIA က သူတို့နေရာကိုဝင်သိမ်းထားတော့ သူ(စစ်ကောင်စီ)က ပြန်ရဖို့ တိုက်နေတယ်။ ပထမက တိုက်တာသူတို့ မရတော့ လေယာဉ်ပျံတွေနဲ ဗုံးလိုက်ကြဲနေတာပေါ့။” ဟု မိုးမောက်မြို့နယ် ဒေသခံတစ်ဦးကပြောသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ ဖွဲ့စည်းလိုက်သော အစိုးရအသစ် ဒုသမ္မတမှာ ကချင်ပြည်နယ်က ဒူဝါလရှီးလ ပါဝင်နေသဖြင့် ကချင်ပြည်နယ်တွင် စစ်ရေးပိုမို ပြင်ထန်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။


“ NUG က အစိုးရအသစ်မှာ ကချင်ပြည်နယ်က ဒုသမ္မတ ဖြစ်တယ်ဆိုတော့ သူတို့ပိုတိုက်ခိုက်လာမယ်လို့ထင်တယ်။ စစ်အင်အားတွေလဲထက်ဖြည့်ထားတယ်။ လေကြောင်းလိုင်းနဲ့ ဗုံးတွေကြဲတယ် ” ဟု မိုးမောက်မြို့ ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ စစ်ကောင်စီမှ လေယာဉ်ပျံဖြင့် လိုက်လဲဗုံးပစ်ခတ်မှုကြောင့် ပြည်သူ အများအပြား နီးစပ်ရာမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ဧပြီလ (၁၀)ရက်တွင် မိုးမောက်မြို့နယ်အတွင်း KIA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦး သေဆုံးခဲ့ပြီး၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီး ဆုံးရှုံးပြီး၊ နေအိမ်တလုံး ပျောက်ဆုံးသွားသည့် အထိ ထိခိုက်ပျက်စီးမှု ကြီးမားကြောင်း ကချင်ပြည် SNLD အလုပ်အမှုဆောင်ကော်မတီ က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်လေယာဉ်များဖြင့် နေ့ညမပျက် ပစ်ခတ်မှုကြောင့် အရပ်သား (၂)သောင်းကျော်နေထိုင်သည့် တာပိန်မြစ်ကြော တလျော ရှိကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...