RCSS တပ်ကို စစ်ကောင်စီ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သျှမ်းစစ်ရှောင်များ ထိုင်းဘက်ရွှေ့ပြောင်းနိုင်ရန် စီစဉ်နေ

မြန်မာ-ထိုင်းနယ်စပ် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကိုအကြမ်းဖက်စစ်ကောင်စီမှ ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်များ ထိုင်းနိုင်ငံဘက် ပြောင်းရွှေ့နိုင်ရန် အတွက် ဆောင်ရွက်နေကြောင်း စုံစမ်းသိရသည်။

ဧပြီ ၁၈ရက် ညနေ ၆နာရီဝန်းကျင် နှင့် ယနေ့ (ဧပြီ ၁၉ )ရက် မွန်းလွဲ ၃နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်မျဉ်းပေါ် ရှိသည့် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကို ၂ရက် ဆက်တိုက် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေသဖြင့် ထိုအနီးတွင် နေထိုင်သည့် စစ်ရှောင်များစိုးရိမ်မှုရှိနေကြာင်း သျှမ်းစစ်ဘေးရှောင် ကူညီရေး ကော်မတီ မှ တာဝန်ရှိသူ တဦး က ပြောသည်။

“ ဒီရက်ပိုင်း လက်နက်ကြီးသံတွေ စကြားနေရပြီ။ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေကာကွယ်ဖို့ အတွက် လောဆယ်တော့ ဗုံးခိုကျင်းတွေ တူးထားတယ်။ အခြေအနေဆိုးလာရင်တော့ ထိုင်းဘက်ခြမ်း ရွှေ့ပြောင်းနိုင်ဖို့ အတွက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးထားပါတယ်” ဟု သျှမ်းစစ်ဘေးရှောင် ကူညီပေးနေသူ တဦးက ဆိုသည်။

ယခုရက်ပိုင်း ပစ်ခတ်သည့် လက်နက်ကြီးသည် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်း အနီးကို ပစ်ခတ်သဖြင့် ဟွေ့ပန်ကွိုင်း ဒုက္ခသည်များ နေထိုင်သည့် ကျေးရွာခြံမြေထဲကျခဲ့ကာ စစ်ရှောင်များ နေရာထပ်မံပြောင်းရွှေ့နေရကြောင်း သိရသည်။

“ မနေ့ညနေက (၃)လုံးပစ်တယ်။ (၂)လုံးတော့တွေ့တယ်။ ဒီနေ့ ထပ်ပြီး ၂လုံးပစ်တယ်။ စစ်ရှောင်တွေနေတဲ့ နေရာ အနီးကျတော့ စိုးရိမ်ရတာပေါ့” ဟု စစ်ဘေးရှောင် ကော်မတီဝင် က ဆိုသည်။
လက်ရှိမှာ လွိုင်ကော်ဝမ်းတွင်ရှိသည့် စစ်ရှောင်များစခန်းများ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း စသည့် နေရာများတွင် ဗုံးခိုကျင်းများ တူးထားကြောင်း သိရသည်။

“လက်ရှိ အခြေနေ ကျနော်တို့တွေ ရင်ဆိုင်ရာတာက ကိုဗစ်-၁၉ လည်း ကြောက်ရတယ်။ စစ်ပွဲဖြစ်မှာလည်း ကြောက်ရတယ်” ဟု ၎င်း ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ မှ RCSS/SSA တပ်စခန်းကို ရက်ဆက် လက်နက်ကြီးပစ်ခတ်နေခြင်းသည် RCSS/SSA ကို စိန်ခေါ်နေသည့် သဘောရှိကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။

မြန်မာ-ထိုင်းနယ်စပ် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုနယ်စပ်မျဉ်းတလျောက်တွင် ထိုင်းနယ်နမိတ်အတွင်း လုံခြုံရေးအသင့်ယူထားပြီး၊ မြန်မာဘက်မှ ထွက်ပြေးလာသူများကို လက်ခံနိုင်ရေး အတွက် လည်း ပြင်ဆင်ထားရန် ထိုင်းနယ်မြေခံတပ်က ညွှန်ကြားထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံသတင်းဌာနများရေးသားချက်အရသိရသည်။

RCSS/SSA တပ်စခန်းဖြစ်သည့် လွိုင်ကော်ဝမ်း အနှီးတဝှိက်တွင် စစ်ဘေးရှောင် (၆၀၀၀) ကျော် ရှိပြီး ၎င်းတို့သည် ၁၉၉၆-၉၇ ခုနှစ် သျှမ်းပြည်တွင်း ဖြတ်လေးဖြတ် ဖြစ်ပွားသည့် ကာလက ရောက်ရှိလာကြသည့် သူများ ဖြစ်ကြသည်။

အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် မြန်မာ-ထိုင်းနယ်စပ် တလျောက်ကို တိုက်ခိုက်လာမည်ဆိုပါက ထိုနယ်စပ်တလျောက်တွင် နေထိုင်သည့် စစ်ရှောင်များ ဘေးကင်းရန် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ရှောင်တိမ်းနိုင်ရန် လုံခြုံရေး နှင့်လူသားချင်းစာနာထောက်ထားမှုပေးရေးအတွက် ခွင့်ပြုပေးရန်လည်း ထိုင်းအစိုးရကို တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...