Wednesday, January 28, 2026

RCSS တပ်ကို စစ်ကောင်စီ မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သျှမ်းစစ်ရှောင်များ ထိုင်းဘက်ရွှေ့ပြောင်းနိုင်ရန် စီစဉ်နေ

မြန်မာ-ထိုင်းနယ်စပ် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကိုအကြမ်းဖက်စစ်ကောင်စီမှ ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင်များ ထိုင်းနိုင်ငံဘက် ပြောင်းရွှေ့နိုင်ရန် အတွက် ဆောင်ရွက်နေကြောင်း စုံစမ်းသိရသည်။

ဧပြီ ၁၈ရက် ညနေ ၆နာရီဝန်းကျင် နှင့် ယနေ့ (ဧပြီ ၁၉ )ရက် မွန်းလွဲ ၃နာရီကျော်တွင် အကြမ်းဖက်စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်မျဉ်းပေါ် ရှိသည့် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကို ၂ရက် ဆက်တိုက် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေသဖြင့် ထိုအနီးတွင် နေထိုင်သည့် စစ်ရှောင်များစိုးရိမ်မှုရှိနေကြာင်း သျှမ်းစစ်ဘေးရှောင် ကူညီရေး ကော်မတီ မှ တာဝန်ရှိသူ တဦး က ပြောသည်။

“ ဒီရက်ပိုင်း လက်နက်ကြီးသံတွေ စကြားနေရပြီ။ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး ပစ်ခတ်မှုတွေကာကွယ်ဖို့ အတွက် လောဆယ်တော့ ဗုံးခိုကျင်းတွေ တူးထားတယ်။ အခြေအနေဆိုးလာရင်တော့ ထိုင်းဘက်ခြမ်း ရွှေ့ပြောင်းနိုင်ဖို့ အတွက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးထားပါတယ်” ဟု သျှမ်းစစ်ဘေးရှောင် ကူညီပေးနေသူ တဦးက ဆိုသည်။

ယခုရက်ပိုင်း ပစ်ခတ်သည့် လက်နက်ကြီးသည် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်း အနီးကို ပစ်ခတ်သဖြင့် ဟွေ့ပန်ကွိုင်း ဒုက္ခသည်များ နေထိုင်သည့် ကျေးရွာခြံမြေထဲကျခဲ့ကာ စစ်ရှောင်များ နေရာထပ်မံပြောင်းရွှေ့နေရကြောင်း သိရသည်။

“ မနေ့ညနေက (၃)လုံးပစ်တယ်။ (၂)လုံးတော့တွေ့တယ်။ ဒီနေ့ ထပ်ပြီး ၂လုံးပစ်တယ်။ စစ်ရှောင်တွေနေတဲ့ နေရာ အနီးကျတော့ စိုးရိမ်ရတာပေါ့” ဟု စစ်ဘေးရှောင် ကော်မတီဝင် က ဆိုသည်။
လက်ရှိမှာ လွိုင်ကော်ဝမ်းတွင်ရှိသည့် စစ်ရှောင်များစခန်းများ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း စသည့် နေရာများတွင် ဗုံးခိုကျင်းများ တူးထားကြောင်း သိရသည်။

“လက်ရှိ အခြေနေ ကျနော်တို့တွေ ရင်ဆိုင်ရာတာက ကိုဗစ်-၁၉ လည်း ကြောက်ရတယ်။ စစ်ပွဲဖြစ်မှာလည်း ကြောက်ရတယ်” ဟု ၎င်း ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ မှ RCSS/SSA တပ်စခန်းကို ရက်ဆက် လက်နက်ကြီးပစ်ခတ်နေခြင်းသည် RCSS/SSA ကို စိန်ခေါ်နေသည့် သဘောရှိကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။

မြန်မာ-ထိုင်းနယ်စပ် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုနယ်စပ်မျဉ်းတလျောက်တွင် ထိုင်းနယ်နမိတ်အတွင်း လုံခြုံရေးအသင့်ယူထားပြီး၊ မြန်မာဘက်မှ ထွက်ပြေးလာသူများကို လက်ခံနိုင်ရေး အတွက် လည်း ပြင်ဆင်ထားရန် ထိုင်းနယ်မြေခံတပ်က ညွှန်ကြားထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံသတင်းဌာနများရေးသားချက်အရသိရသည်။

RCSS/SSA တပ်စခန်းဖြစ်သည့် လွိုင်ကော်ဝမ်း အနှီးတဝှိက်တွင် စစ်ဘေးရှောင် (၆၀၀၀) ကျော် ရှိပြီး ၎င်းတို့သည် ၁၉၉၆-၉၇ ခုနှစ် သျှမ်းပြည်တွင်း ဖြတ်လေးဖြတ် ဖြစ်ပွားသည့် ကာလက ရောက်ရှိလာကြသည့် သူများ ဖြစ်ကြသည်။

အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် မြန်မာ-ထိုင်းနယ်စပ် တလျောက်ကို တိုက်ခိုက်လာမည်ဆိုပါက ထိုနယ်စပ်တလျောက်တွင် နေထိုင်သည့် စစ်ရှောင်များ ဘေးကင်းရန် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ရှောင်တိမ်းနိုင်ရန် လုံခြုံရေး နှင့်လူသားချင်းစာနာထောက်ထားမှုပေးရေးအတွက် ခွင့်ပြုပေးရန်လည်း ထိုင်းအစိုးရကို တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...