အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊ တောင်ကြီးဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင်

သျှမ်းပြည်တောင်ပိုင်း အောင်ပန်း သုဿာန်တွင် ယမန်နေ့ (မတ် ၂၉ )ရက် ည ၉ နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း (၇)လောင်းထက်မနည်း လာရောက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ အောင်ပန်း သုဿန် သို့ လာရောက်သဂြိုဟ်စဉ်တွင် စစ်ကား အများအပြား နှင့် ရဲကားများဖြင့်လာကြောင်း၊ မီးသဂြိုဟ်သည့် ဝင်းတံခါးကိုလည်း ရိုက်ချိုးပြီး ဝင်ရောက်ထားကြောင်း အောင်ပန်း ဒေသခံ အမျိုးသား တဦးက ပြောသည်။

“ စစ်ဝတ်စုံ၊ ရဲဝတ်စုံ အပြည့်နဲ့ အင်းအားတော်တော်များတယ်။ မီးသဂြိုဟ်စက်ရှိတဲ့ သည့် နေရာကို ဝင်ဖို့ သော့တွေ ရိုက်ချိုးထားတယ်။ ဒီမနက် သွားကြည့်တာ အရိုးတွေ အရ ဆိုရင် (၇)လောင်းထက် မနည်းဘူး မီးသဂြိုဟ်တာ” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ မှ လာရောက် မီးသဂြိုဟ်သည့် ရုပ်အလောင်းသည် တောင်ကြီးမြို့ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံရသူများဖြစ်နိုင်ကြောင်းလည်း အောင်ပန်း ဒေသခံများ ၏ ပြောပြချက် အရသိရသည်။

“ ကျနော်တို့သုံးသပ်တာကတော့ တောင်ကြီး က ဖမ်းခံရတဲ့ ဆန္ဒပြသူတွေ ဖြစ်ဖို့များတယ်။ ညအချိန်မတော် မီးလာရှို့စရာမရှိဘူးလေ။ သူတို့မဟုတ်တာ လုပ်လို့ ခိုးရှို့တယ်လို့ယူဆတယ်။ နောက်ပြီး တောင်ကြီးမှာ ရှို့ရင် ပြည်သူတွေ ရိပ်မိမှာဆိုးလို့ ည လူမထွက်အချိန် အောင်ပန်းလာပြီး မီးသဂြိုလ်တာဖြစ်မယ်” ဟု အသက် ၃၀ကျော် အောင်ပန်း ဒေသခံ တဦး က ဆိုသည်။

ထို့အပြင် ညအချိန် မတော်မီးလာသဂြိုဟ်မှုကြောင့် အောင်ပန်း ပြည်သူများက ထိတ်လန့်မှုဖြစ်ပွားကာ သွားရောက်ကြည့်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အားများတွေ့ရှိရပြီး၊ ရဲဝတ်စုံဝတ်ဆင်ထားသူများက သွားရောက်ကြည့်ရှုသူများကို ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

“ မနေ့ညက မီးခိုးတွေ အူထွက်လာတော့ ကျနော်တို့ တော်တော်လန့်သွားတယ်။ တာယာတွေနဲ့ ရှို့တာလေ။ ထွက်ကြည့်တော့ စစ်အင်အားအပြည့်ပဲ။ သူတို့က အနီးကပ်ခွင့်မပေးဘူး။ ဒီမနက်ထိ အောင်ပန်း တမြို့လုံး မီးခိုးတွေပဲ” ဟု အသက် ၃၀ ကျော် အမျိုးသားက ထပ်လောင်းပြောသည်။

အောင်ပန်းမြို့ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် နေ့၊ည ရပ်ကွက်တိုင်း၊ လမ်းတိုင်းကို စောင့်ကြည့်၊ တင်းကြပ်သဖြင့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရန် အတွက် ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...