Wednesday, January 28, 2026

အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊ တောင်ကြီးဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင်

သျှမ်းပြည်တောင်ပိုင်း အောင်ပန်း သုဿာန်တွင် ယမန်နေ့ (မတ် ၂၉ )ရက် ည ၉ နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း (၇)လောင်းထက်မနည်း လာရောက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ အောင်ပန်း သုဿန် သို့ လာရောက်သဂြိုဟ်စဉ်တွင် စစ်ကား အများအပြား နှင့် ရဲကားများဖြင့်လာကြောင်း၊ မီးသဂြိုဟ်သည့် ဝင်းတံခါးကိုလည်း ရိုက်ချိုးပြီး ဝင်ရောက်ထားကြောင်း အောင်ပန်း ဒေသခံ အမျိုးသား တဦးက ပြောသည်။

“ စစ်ဝတ်စုံ၊ ရဲဝတ်စုံ အပြည့်နဲ့ အင်းအားတော်တော်များတယ်။ မီးသဂြိုဟ်စက်ရှိတဲ့ သည့် နေရာကို ဝင်ဖို့ သော့တွေ ရိုက်ချိုးထားတယ်။ ဒီမနက် သွားကြည့်တာ အရိုးတွေ အရ ဆိုရင် (၇)လောင်းထက် မနည်းဘူး မီးသဂြိုဟ်တာ” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ မှ လာရောက် မီးသဂြိုဟ်သည့် ရုပ်အလောင်းသည် တောင်ကြီးမြို့ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံရသူများဖြစ်နိုင်ကြောင်းလည်း အောင်ပန်း ဒေသခံများ ၏ ပြောပြချက် အရသိရသည်။

“ ကျနော်တို့သုံးသပ်တာကတော့ တောင်ကြီး က ဖမ်းခံရတဲ့ ဆန္ဒပြသူတွေ ဖြစ်ဖို့များတယ်။ ညအချိန်မတော် မီးလာရှို့စရာမရှိဘူးလေ။ သူတို့မဟုတ်တာ လုပ်လို့ ခိုးရှို့တယ်လို့ယူဆတယ်။ နောက်ပြီး တောင်ကြီးမှာ ရှို့ရင် ပြည်သူတွေ ရိပ်မိမှာဆိုးလို့ ည လူမထွက်အချိန် အောင်ပန်းလာပြီး မီးသဂြိုလ်တာဖြစ်မယ်” ဟု အသက် ၃၀ကျော် အောင်ပန်း ဒေသခံ တဦး က ဆိုသည်။

ထို့အပြင် ညအချိန် မတော်မီးလာသဂြိုဟ်မှုကြောင့် အောင်ပန်း ပြည်သူများက ထိတ်လန့်မှုဖြစ်ပွားကာ သွားရောက်ကြည့်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အားများတွေ့ရှိရပြီး၊ ရဲဝတ်စုံဝတ်ဆင်ထားသူများက သွားရောက်ကြည့်ရှုသူများကို ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

“ မနေ့ညက မီးခိုးတွေ အူထွက်လာတော့ ကျနော်တို့ တော်တော်လန့်သွားတယ်။ တာယာတွေနဲ့ ရှို့တာလေ။ ထွက်ကြည့်တော့ စစ်အင်အားအပြည့်ပဲ။ သူတို့က အနီးကပ်ခွင့်မပေးဘူး။ ဒီမနက်ထိ အောင်ပန်း တမြို့လုံး မီးခိုးတွေပဲ” ဟု အသက် ၃၀ ကျော် အမျိုးသားက ထပ်လောင်းပြောသည်။

အောင်ပန်းမြို့ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် နေ့၊ည ရပ်ကွက်တိုင်း၊ လမ်းတိုင်းကို စောင့်ကြည့်၊ တင်းကြပ်သဖြင့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရန် အတွက် ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...

အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည်...

နွားပွဲစားနှစ်ဦး စကားများရန်ဖြစ်ပြီး ကားဖြင့်တိုက်သတ်

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် အမျိုးသားနှစ်ဦး နွားပွဲစားအချင်းချင်း ရန်ဖြစ် စကားများရာမှ ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ‌အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး နွားပွဲစား အချင်းချင်း ရန်ဖြစ် စကားများခဲ့ကြရာ...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

0
‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...

ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ

0
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း...