Tuesday, January 27, 2026

နောင်ချိုကျန်းမာရေးဝန်ထမ်းများ CDM ဆက်လုပ်မည်ဖြစ်ကာ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေး

သျှမ်းပြည်မြောက်ပိုင်းနောင်ချို ပြည်သူ့ဆေးရုံမှ အာဏာဖီဆန်လှုပ်ရှားရေး (CDM)ဆက်လက်လုပ်မည်ဖြစ်သဖြင့် ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှာပေးလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့တွင် CDM ဆက်လုပ်မည် ဝန်ထမ်းများ အိမ်ရာမှ ဖယ်ရှားပေးရန် နောင်ချိုမြို့နယ်အထွေထွေအုပ်ချုုပ်ရေးရုံး နှင့် ဆေးရုံအုပ်ကြီး က နှုတ်မိန့်ဖြင့်လာရောက်အကြောင်းကြားသဖြင့် ဝန်ထမ်းများလည်း CDM ဆက်လုပ်မည်ဆိုသည့်အတွက် အိမ်ယာမှ ယနေ့ (မတ် ၁၅)ရက် ဖယ်ရှားပေးလိုက်ခြင်းဖြစ်ကြောင်း CDMပါဝင်သည့် ကျန်းမာရေးဝန်ထမ်း တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့ကို တရားဝင်စာနဲ့တော့ မလာဘူး။ နှုတ်နဲ့ပဲအကြောင်းကြားတယ်။ ဒီနေ့နဲ့ မနက်ဖန် အပြီး ပြောင်းရမယ်ဆိုတာပြောလာတယ်။ ကျမတို့ CDM ဆက်လုပ်မှာဖြစ်တဲ့အတွက် ဖယ်ပေးလိုက်တာပါ။ တကယ်တော့ တရားဝင်စာနဲ့ မလာသေးပါဘူး။ ပြောင်းရွှေ့ဖို့က နောင်ချိုပြည်သူတွေ လာကူညီပါတယ်” ဟု ကျန်းမာရေးဝန်ထမ်းက ဆိုသည်။

အခက်အခဲ၊ အဟန့်အတားများစွာ ရှိသည့် ကြားက ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်ကြကြောင်း၊ တချို့ ကျန်းမာရေးဌာန အောက်ခြေ ဝန်ထမ်းအနေဖြင့် အခက်အခဲမျိုးစုံရင်ဆိုင်နေရသော်လည်း CDM ကို ဆက်လက်ပြုလုပ်နေကြကြောင်း ၎င်း က ထပ်လောင်းပြောသည်။

“ နယ်တွေ ကျေးရွာတွေနေတဲ့သူတွေ အတွက်တော့နည်းနည်း အခက်အခဲဖြစ်တယ်။ အခက်အခဲကိုတော့ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရပ်တည်ချက်တွေကြောင့် ဆက်လုပ်ကြတာ။ စစ်အာဏာရှင်ကို မလိုချင်လို့ CDM ဆက်လုပ်တာပါ” ဟု နောင်ချို ကျန်းမာရေးဝန်ထမ်း တဦး က ပြောသည်။

လက်ရှိ နောင်ချိုCDM ပါဝင်သည့် ဆရာဝန် ၂ဦး ရှောင်ပုန်းနေရကြောင်း၊ ကျန် ကျန်းမာရေးဝန်ထမ်းများလည်း မကြာခဏ ခြိမ်းခြောက်လာနိုင်ကြောင်း သိရသည်။

ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်း ရှိ CDM လှုပ်ရှားပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...
MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...