Thursday, April 25, 2024

တောင်ကြီးဆိုင်ကယ်သပိတ် ရာဘာကျည်ဖြင့်ဖြိုခွင်းခံရ၊ ၆ဦးဒဏ်ရာရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ယနေ့ (မတ် ၁၂)ရက် ညနေ ၆နာရီ ခွဲဝန်းကျင်တွင် စစ်အာဏာရှင်ကျဆုံးရန် ဆန္ဒထုတ်ဖော်သည့် ဆိုင်ကယ်သပိတ်ကြောင်း ရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ (၄)ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ် က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ(၄)ဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဝေယံလမ်းကြားမှာဆိုင်ကယ်ကို ကားက ဝင်တိုက်သလိုလိုဖြစ်ပြီး အဲ့မှာ ရဲက ရာဘာကျည်နဲ့ပစ်တယ်။ (၆)ဦးထိတယ်။ တယောက်ကတော့ ခြေတလုံးထိတယ်။ ကျန်သူကတော့ ဘယ်မှာထိလည်းမသိဘူး” ဟု ၎င်း အမျိုးသားက ဆိုသည်။

တောင်ကြီး ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှ တစုံတရာ အကြောင်းကြားခြင်းမရှိဘဲ ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article