တောင်ကြီးဆိုင်ကယ်သပိတ် ရာဘာကျည်ဖြင့်ဖြိုခွင်းခံရ၊ ၆ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ယနေ့ (မတ် ၁၂)ရက် ညနေ ၆နာရီ ခွဲဝန်းကျင်တွင် စစ်အာဏာရှင်ကျဆုံးရန် ဆန္ဒထုတ်ဖော်သည့် ဆိုင်ကယ်သပိတ်ကြောင်း ရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ (၄)ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ် က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ(၄)ဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဝေယံလမ်းကြားမှာဆိုင်ကယ်ကို ကားက ဝင်တိုက်သလိုလိုဖြစ်ပြီး အဲ့မှာ ရဲက ရာဘာကျည်နဲ့ပစ်တယ်။ (၆)ဦးထိတယ်။ တယောက်ကတော့ ခြေတလုံးထိတယ်။ ကျန်သူကတော့ ဘယ်မှာထိလည်းမသိဘူး” ဟု ၎င်း အမျိုးသားက ဆိုသည်။

တောင်ကြီး ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှ တစုံတရာ အကြောင်းကြားခြင်းမရှိဘဲ ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ...