Wednesday, January 28, 2026

ကွတ်ခိုင် လူထုသပိတ် ပထမဆုံး မျက်ရည်ယိုဗုံးဖြင့် ဖြိုခွင်းခံရသော်လည်း ဆက်လက်ဆန္ဒထုတ်ဖော်

သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့ တွင် စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒထုတ်ဖော်သည့်လူထုသပိတ်ကိုယနေ့ (မတ် ၁၂)ရက်မှာ ပထမဆုံးအကြိမ် မျက်ရည်ယိုဗုံးဖြင့်ဖြိုခွင်းခဲ့သော်လည်း ပြည်သူများက ပြောက်ကျားနည်းဖြင့် ဆက်လက်ထုတ်ဖော်ကြကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၂)ရက် မနက်ပိုင်းတွင် ကွတ်ခိုင်မြို့ဈေးအနီးတွင် ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က မျက်ရည်ယိုဗုံး အသုံးပြုကာ ဆန္ဒထုတ်သူများကို ဖြိုခွင်းခဲ့သည်။

ထို့နောက် ဆန္ဒထုတ်ဖော်သူများသည် ဆိုင်ကယ်စီးပြီး ပြောက်ကျားနစ်ဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

“ မနက်ကတော့ ကျနော်တို့ သပိတ်တောင်မစသေးဘူး ရဲက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်းတယ်။ ခဏတော့ ဆန္ဒထုတ်ဖော်တာ ရပ်လိုက်ပြီး နောက် ဆိုင်ကယ်နဲ့ ပြောက်ကြားဆန္ဒပြန်ထုတ်ဖော်ကြပါတယ်” ဟု ဆန္ဒထုတ်ဖော်သည့် ကွတ်ခိုင်ပြည်သူတဦးက ပြောသည်။

ကွတ်ခိုင်မြို့ လူထုသပိတ် နေ့စဉ်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သော်လည်း ယနေ့ သည် ပထမဆုံးအကြိမ် ဖြိုခွင်းခံရကြောင်း လည်း ၎င်းအမျိုးသား က ပြောသည်။

မတ် (၁၀)ရက် ည(၆)နာရီတွင်မွေးဖွားခွင့်ယူထားသည့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာဒေါ်ချမ်းမြေ့လင်း ကို စစ်ကောင်စီ က ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုကာ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့ပေါ်သို့ လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ကွတ်ခိုင်မြို့နယ် မန်ဝိန်းပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူရန် ဒေသခံတောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...