Tuesday, January 27, 2026

တောင်ကြီး စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်းဖြိုခွင်းခံရ လူငယ်တချို့ဒဏ်ရာရ

တောင်ကြီးမြို့ စစ်အာဏာရှင် ဆန်ကျင်ရေး သပိတ်စစ်ကြောင်းများ ကို စစ်တပ်၊ရဲ မှ ဖြိုခွင်းခဲ့ရာ ပြည်သူတချို့ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့တွင် ယနေ့(မတ် ၇)ရက်တွင် လူငယ်ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း (၅)ကြောင်းထွက်ခဲ့ပြီး စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များ၊ အသံဗုံးများ ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူငယ်တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“ ဒီနေ့ကျနော်တို့ တောင်ကြီး သပိတ်စစ်ကြောင်း အားလုံးဖြိုခွဲခံရတယ်။ ဒဏ်ရာ အနည်းငယ်ရတဲ့ သူတော့ ရှိတယ်။ မိန်းခလေး တစချို့ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် မူးလဲတာမျိုးတို့ ရှိတယ်။ ဒီနေ့ကျွန်တော်တို့အောင်မြင်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် တိုင်းရင်းသားလူငယ်တဦးက ပြောသည်။


တိုင်းရင်းသားပြည်သူများ လိုချင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရန်နှင့် စစ်အာဏာရှင် ကျဆုံးရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ၎င်းလူငယ်က ဆိုသည်။
အဆိုပါ သပိတ်စစ်ကြောင်းများ မှာ နေ့လည် ၁၁ နာရီတွင် စတင်ပြီး တနာရီတွင် ပြိုင်တူပြီးဆုံး လူစုခွဲ သွားကြောင်းသိရသည် ။


တောင်ကြီးမြို့ပေါ်တွင် စစ်အာဏရှင် ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ဖေဖော်ဝါရီ၂၈ ရက်နေ့ မှ စ၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်များမှအင်အားသုံးကာ မျက်ရည်ယိုဗုံးများ ၊ ရာဘာကျည် များ ၊ အသံဗုံးများဖြင့် စတင် နှိမ်နင်းခဲ့ ပြီး ဆန္ဒပြ ပွဲအတွင်း ဖမ်းဆီးခံကျောင်းသားလူငယ်များ ၂၀ ဦးကျော် ရှိကြောင်း သိရှိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...

တောင်ကြီး မြို့ပေါ် စစ်ကော်မရှင်နှင့် PNO စစ်ဆေးရေးတင်းကြပ်၊ လူငယ်များပျောက်ဆုံးမှုရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးမှုတင်းကြပ်နေပြီး၊ ယခုရက်ပိုင်း လူငယ်များလည်း ပျောက်ဆုံးမှုရှိလာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တတိတယ ပတ်မှစပြီး တောင်ကြီးမြို့တွင် ည (၇)နာရီနောက်ပိုင်းတွင် စစ်ကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ PNOတို့က ယူနီဖောင်းအပြည့်စုံ ဝတ်ပြီး ကား(၈)စီးခန့်ဖြင့်...