Tuesday, January 27, 2026

မူဆယ်မြို့ ရဲမှ ဆန္ဒထုတ်ဖော်သူတဦးကို (၅)ရက်ကြာ ဖမ်းဆီးပြီး ရုပ်အလောင်းကိုနေအိမ်ပြန်ပို့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သူတဦးကို ရဲမှ (၅)ရက်ကြာ ဖမ်းဆီးသွားပြီး ယမန်နေ့ (မတ် ၅)ရက်တွင် ထိုသူ၏ ရုပ်အလောင်း ကို နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိပြီး ဖေဖော်ဝါရီ ၂၈ရက်တွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာ ဒဏ်ချက်နှင့်အတူ နေအိမ်သို့ ပြန်ပို့ခဲ့ကြောင်း ၎င်း နှင့် နီးစပ်သည့် မိသားစုဝင်များပြောပြချက် အရသိရသည်။

ရဲတပ်ဖွဲ့မှ ရိုက်နှက်ပြီး သေဆုံးသွားသူသည့်အမျိုးသားသည် အသက် (၄၃)နှစ်ရှိ ဦးသိန်းလွင် ဖြစ်ပြီး၊ လက်ရှိမှာ သား၊သမီး (၅)ဦးကျန်ရှိကြောင်း၊ အလောင်းတွင်လည်း ရိုက်နှက်ထားသည့် ဒဏ်ရာများစွာရှိကြောင်း သိရသည်။

“ မနေ့က သူရဲ့ အလောင်းကို အိမ်မှာပြန်လာပေးသွားတယ်။ တကိုယ်လုံးမှာလည်း နှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေအပြည့်ပါပဲ” ဟု ၎င်းမိသားစုဝင် တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဖေဖော်ဝါရီ ၂၈ရက် တွင် မူဆယ်မြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်လမ်းကြောင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ မန့်ဝိန်းဂိမ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ် ကားနှင့် အရပ်ဝတ် အမျိုးသား (၄)ဦးက လူအုပ်ကြား ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ခဲ့ပြီး လူစုခွဲခဲ့သည်။

ထို့နောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူ (၃)ဦး ထဲတွင် လက်နက်ပါသည်ဟု စွတ်စွဲကာ ရဲစခန်းထံသို့ အပ်ခဲ့ပြီး၊ ထိုသူများထဲ လက်နက်မပါကြောင်း ဖြေရှင်းပြီး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့သော်လည်း ရဲများက လွှတ်လာပေးခြင်းမရှိခဲ့ပေ။

“ အဲ့နေ့က ကျနော်တို့ ပြည်သူထဲကို ကားနဲ့ ဝင်လာပြီး သေနတ်လာဖောက်တယ်။ ကျနော်တို့ ပြည်သူတွေထဲက သူ (၃)ဦးကို လက်နက်ပါတယ်တွေ့တယ် ဆိုပြီး ရဲလက်ထဲအပ်လိုက်တယ်။ မိသားစုတွေ ကတော့ ရဲစခန်းကို ပြန်သွားတောင်းပန်ပြီး သွားထုတ်ခဲ့တယ်။ ဒါပေမယ့် ပြန်မပေးဘူး။ မနေ့မှ သူသေ အလောင်းကိုတော့ ပြန်လာပေးတယ်။” ဟု ၎င်း မိသားစုဝင် က ထပ်လောင်း ပြောသည်။

ထိုနေ့တွင် ဖမ်းဆီးသွားသည့် (၃)ဦးထဲမှ တဦးသေဆုံးသွားပြီး၊ ကျန် (၂)ဦးမှာ လက်ရှိအချိန်ထိ ရဲများချုပ်နှောင်ထားပြီး အမှု ရင်ဆိုင်နေရကြောင်း သိရသည်။

“ ကျနော် အထင်ကတော့ ဒါက ကျနော်တို့ ပြည်သူတွေကို ကြောက်အောင်လုပ်လိုက်တာပဲ။ နောက်ပြီး စစ်အာဏာကို ဆန္ဒလာမပြရဲအောင် လုပ်လိုက်တဲ့သဘောပဲ။ လူတယောက်ကို သတ်လိုက်တာဟာ ကျနော်တို့အနေနဲ့ စိတ်မကောင်းဘူး” ဟု မူဆယ် ဒေသခံ စိုင်းလျန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းယူမှု အချိန် တလကျော်ကြာလာပြီး၊ စစ်အာဏာရှင်စနစ်ကို ပြည်သူများက နည်းမျိုးစုံဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြကာ စစ်အာဏာရှင်က လည်း နေ့စဉ်နှင့်အမျှ အကြမ်းဖက် သေနတ်ပစ်ခတ်မှု ပြုလုပ်ဖမ်းဆီးနေသည်။

စစ်ကောင်စီ ၏ လက်နက်ကိုင်များ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆန္ဒထုတ်ဖော်သည့် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။