ရိုးရာဓလေ့ပွဲဆိုတာ ပိုက်ဆံပေးကြည့် ရတဲ့အဆင့် ရောက်နေပြီလား သျှမ်းသံတော်ဆင့်မှတဆင့် ဖော်ပြပေးပါ

သို့- သျှမ်းပြည်နယ်က အစိုးရ

သျှမ်းပြည်နယ်အစိုးရမင်းကြီး၊ ၀န်ကြီး ၊ ၀န်လေး အပေါင်း တို့ကိုမေးချင်ပါတယ်။ ရိုးရာဓလေ့ပွဲဆိုတာ ပိုက်ဆံပေးကြည့် ရတဲ့အဆင့် ရောက်နေပြီလား ။

သျှမ်းပြည်နယ်တောင်ပိုင်း (တောင်ကြီး) မြို့ရဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲ တော်ကြီးဟာ ဒေသခံ တိုင်းရင်းသား အသီးသီး တို့ရဲ့ထူးခြားဆန်းပြားတဲ့ ချစ်စရာရိုးရာ ဓလေ့တစ်ခုအဖြစ် မြန်မာမှာသာမက ကမ္ဘာအထိ ကျော်ကြားခဲ့တဲ့မီးပုံးပျံလွှတ်ပွဲ တော်ကြီးကို နှစ်စဉ် နိုဝင်ဘာလ တိုင်းကျင်းပလာခဲ့တာယနေ့အထိပါပဲ ။

ဒီပွဲတော်ကို စိတ်ဝင်စားလို့ ပြည်တွင်းပြည်ပ ဧည့်သည်တော်တွေ လာရောက်ကြည့်ရှုနှုန်းက နှစ်စဉ်သိန်းနဲ့ချီရှိပါတယ် ။

ဒီအစိုးရ အသစ်လက်ထက်မှ မကြားဖူးတာတွေ ကြားရ ကြုံရတာက ဒီလိုရိုးရာဓလေ့ ပွဲတော်ကြီးကို နှစ်စဉ် နှစ်တိုင်း အများပြည်သူတွေ လွတ်လပ်အေးဆေးစွာ အခမဲ့ အများပိုင်သဘောနဲ့ဖျာခင်းပြီး ကြည့်နေတဲ့နေရာ တွေကို ဒီနှစ်မှာတော့ လုပ်ငန်းရှင်တွေကို ပွဲကြည့် အခန်းတွေဆောက်ခွင့်ပေးပြီး တစ်ခန်း ကို တစ်ည သုံးသောင်း ကျပ်နဲ့ပွဲတော်ရက်မှာ ငှားစားဖို့ဖြစ်လာတယ် ။  ဒီကိစ္စဟာဝန်ကြီး ၊ ၀န်လေးတို့ ခွင့်ပြုထားတာလား ၊ မသိတာပဲလား ။

ဒီလိုရိုးရာဓလေ့ပွဲ ကိုအခြေခံပြီး တရားလွန်စီးပွားရေးအမြတ်ထုတ်တာဟာ ရိုးရာယဉ်ကျေးမှုပွဲကို သတ်နေတာ နဲ့တူပါတယ် ။ ပြိုင်ပွဲဝင်မီးပုံးပျံ အဖွဲ့များရဲ့ ပေးဆပ်ရင်းနှီးမှုတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို တောင်ကြီး ဒေသခံအနေနဲ့ကန့်ကွက်ပါတယ် ။

ဒေသခံတွေ တန်ဖိုးထားတဲ့ ရိုးရာဓလေ့ပွဲတော်ကို ပိုက်ဆံပေးကြည့်ရမယ့်အဖြစ် ကို ဒေသခံတောင်ကြီးသူ ၊တောင်ကြီးသား တွေအနေနဲ့ လက်ခံလို့မရပါဘူးဆိုတာ သျှမ်းသံတော်ဆင့် ကနေတစ်ဆင့် တာဝန်ရှိသူတွေကို သိစေချင်ပါတယ် ။

နန်းပဲပုတ် (တောင်ကြီး)
နို၀င်ဘာလ ၁ ရက် ၂၀၁၆

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...