စစ်အာဏာရှင် ကျဆုံးဖို့ တောင်ကြီးက သိန်းချီပြည်သူ လမ်းပေါ်ထွက်လာ

ယနေ့ (၂/၂/၂၀၂၁)ရက်မှာ ပြည်လုံးကျွတ် စစ်အာဏာကို ဆန့်ကျင်တဲ့ အထွေထွေသပိတ်ကြီးကို စတင်လိုက်ပါတယ်။

ထိုနည်းတူ သျှမ်းပြည်နယ်တစ်ဝှမ်းတွင်ရှိ မြို့ကြီးမြို့ငယ်များအားလုံးလည်း ၂ငါးလုံး အထွေထွေ သပိတ်ကို ပူးပေါင်းပါဝင်တဲ့အနေ နဲ့ ဈေးတွေ၊ ကုန်တိုက်တွေ၊ ကုန်စုံဆိုင်တွေ အားလုံး ပိတ်ပြီး၊ ပြည်သူအားလုံးဟာ လမ်းမပေါ်တက် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


ဆန္ဒထုတ်ဖော်ရာတွင် Generation Z ဆိုသည့် အတိုင်း လူငယ်အများအပြားက ဦးဆောင်ပြီးတော့ “ ကျနော် တို့က လူငယ် ကျနော်တို့မှာ အနာဂတ်ရှိတယ်” ဆိုတဲ့ ကြွေကြော်သံဖြင့် လူငယ်အများစုက လမ်းပေါ်ရောက် စစ်အာဏာရှင်ကို ဆန်ကျင်ဆန္ဒထုတ်ဖော်ကြပါတယ်။


“ ခုခေတ်လူငယ်တွေကို တော်တော်အားရတယ်။ ကျေနပ်တယ်။ Generation Z ဆိုတဲ့အတိုင်းပဲ အများစုကတော့ လူငယ်တွေဦးဆောင်တယ်။ သူတို့ ဉာဏ်တော်တော်ကောင်းကြတယ်။ တချို့က ဂီတနဲ့၊ တချို့ကလည်း အစားအသောက်တွေဝေးပေးတယ်။ စစ်အာဏာရှင် ကျရှုံးစေရမယ်” ဟု တောင်ကြီး ဆန္ဒပြရာတွင် ပါဝင်တဲ့ ဦးဆန် ကပြောပြပါတယ်။

ဒီနေ့တောင်ကြီးမြို့ပေါ်ရဲ့ အထွေထွေသပိတ် ကတော့ လူမျိုးပေါင်းစုံ၊ ဘာသာစုံ၊အသက်အရွယ်စုံတွေနဲ့ ကာလာစုံအောင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြရာ လူ့ပင်လယ်လို့ တောင် တင်စားခေါ်ဝေါ်ရတဲ့အဆင့်ပါပဲ။

ပြည်သူတွေ ဟာ စစ်အာဏာရှင် ကျဆုံးဖို့အတွက် ဂုဏ်တွေ သိက္ခာတွေ ရာထူးတွေ ဘေးကိုချိတ်ပြီး အားလုံး တက်ညီလက်ညီ လမ်းပေါ်ထွက်ဆန္ဒပြနေတာဟာ အားရကျေနပ်ကြောင်းလည်း စစ်အာဏာရှင်ကို ဆန္ဒလာပြတဲ့ လူငယ်အမျိုးသမီး နန်းဥမ္မာကပြောပါတယ်။


“ ဒီလူတွေကို ကြည့်ချင်းအားဖြင့် ကျမတို့ ဘာလိုချင်လဲဆိုတာ သိမှာပါ။ ကျမတို့တွေ ဦးတည်ချက်က တူညီကြတယ်။ အာဏာရှင်ကျရှုံးရေးပဲ။ ဘယ်အာဏာရှင်မဆို ကျမတို့လူငယ်တွေကတော့ ဆက်တိုက်သွားမှာပါ” လို့နန်းဥမ္မာ က ဆိုပါတယ်။


ယနေ့ စစ်အာဏာကျရှုံးဖို့၂ငါးလုံး အထွေထွေ သပိတ်ဟာ လူဦးရေ သိန်းချီရှိနိုင်ကြောင်း၊ အာဏာရှင်ကို ကျဆုံးတဲ့အထိ တိုက်သွားရန်လိုအပ်ကြောင်းလည်း ဆန္ဒပြတဲ့ လူငယ် ကိုအာကာ က ပြောပါတယ်။


“ ၂ ငါးလုံး အထွေထွေသပိတ်ဆိုတဲ့ အတိုင်းဘဲလေ။ လူကတော့ သိန်းချီ ရှိမယ်ထင်တယ်။ တခါမှ ဒီလိုလူများတာ မတွေ့ဖူးဘူး။ အာဏာသိမ်းတာကို ကျနော်တို့က မကြိုက်ဘူး” လို့ ကိုအာကာ က ပြောပါတယ်။

အာဏာရှင် စနစ်ကျဆုံးဖို့အတွက် မြန်မာပြည်သူ၊ပြည်သားတွေ ဟာ နည်းမျိုးစုံ တော်လှန်နေကြပြီး၊ ဆန္ဒပြပြည်သူတွေကို လည်း စစ်ကောင်စီ က နည်းမျိုးစုံ ဖြိုခွဲခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းတွေကိုလည်း ပြုလုပ်လာကာ ဒီမိုကရေစီ ပြန်ရဖို့ တိုက်ပွဲဝင် လူငယ်တွေ သေဆုံးရတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။

ကမ္ဘာတဝှမ်း လုံးကလည်း မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ဆန္ဒပြရာတွင် မတူညီဘဲ တရက်တမျိုး ပြုလုပ်နေတဲ့အပေါ် စိတ်ဝင်တစား စောင့်ဆိုင်း ကြည့်ရှု့နေကြပါတယ်။

“ ခုခေတ်က နည်းပညာလည်း တိုးတက်လာတယ်။ ၈၈ ကနဲ့အရမ်းကိုကွာသွားတယ်။ ဒီရက်မှာ တချိန်တည်း တရက်တည်း တနိုင်ငံလုံး နေရာတိုင်း လူ့ပင်လယ်တွေဖြစ်ကုန်တာ လူငယ်တွေ အရမ်းတော်တယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဆန္ဒပြ နိုင်တယ်” လို့ ၈၈ အရေးအခင်းတွင် ကြုံတွေ့ဖူးတဲ့ တောင်ကြီး ဒေသခံတဦးကပြောပါတယ်။

စစ်အာဏာရှင်ကို အပြီးပိုင် ကျဆုံးအောင်မလုပ်နိုင်ခဲ့ရင် နောက်နောင်လည်း အာဏာရှင်ဟာ ပြန်ရှင်သန်လာနိုင်ကြောင်း၊ ယခုခေတ်မှာ အပြီးတိုင် တိုက်ရန်လိုအပ်ကြောင်းလည်း တောင်ကြီး ဂီတအနုပညာနဲ့စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဂီတအဖွဲ့ဝင် တဦးက ပြောဆိုလိုက်ပါတယ်။

အာဏာရှင် ရှိနေသရွေ့ မြန်မာပြည်သူတွေ၊ လူငယ်တွေကတော့ ဆက်လက်ပြီး တော်လှန်သွားမှာဖြစ်ပြီး၊ ဘယ်တော့မှ အဆုံးမပေးဘဲ ငြိမ်းချမ်းတဲ့ နည်းဗျူဟာမျိုးစုံထုတ်ကာ အာဏာရှင်ကို တိုက်သွားမယ် လို့ တောင်ကြီးလူငယ်တွေက ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...