နောင်ချို စစ်အာဏာရှင်ဆန့်ကျင် (CDM)ပါဝင်သည့် ဒုထွေအုပ်ကို ဖမ်းရန် ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်းနောင်ချိုးမြို့နယ် စစ်အာဏာရှင် ဆန့်ကျင်မှု (CDM) တွင် ပါဝင်သည့် အစိုးရဝန်ထမ်းများကိုယနေ့ (ဖေဖော်ဝါရီ ၁၄)ရက်တွင် လိုက်လံဖမ်းဆီးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၄)ရက် ညနေ (၄)နာရီတွင် Civil Disobedience Movement (CDM)တွင် ပါဝသည့် နောင်ချိုမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး ကို စစ်သားများက လာရောက် ဖမ်းဆီးရန် ကြိုးစားခဲ့ရာ လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

“ ညနေ (၄)နာရီ က တပ်သားတွေ ဒုထွေအုပ် ဦးဌေးလင်းဦးကိုလာဖမ်းဖို့ ရောက်လာတယ်။ မတိုင်မီမှာ ရှောင်ထွက်သွားနိုင်ခဲ့တယ်။ အခု ဦးဌေးလင်းဦး က ရှောင်ပုန်းနေရတယ်” ဟု နောင်ချိုမြို့ဒေသခံတဦး ပြောပြချက် အရသိရသည်။

ဦးဌေးလင်းဦးသည် အထွေထွေအုပ်ချုပ်ရေးမှူး (CDM)တွင် ပထမဆုံး ပါဝင်လာသည့် သူဖြစ်ပြီး၊ ဦးဌေးလင်းဦးကို လာရောက်မဖမ်းခင်တွင်လည်း ရုံးပြန်လာတက်ရန် နည်းမျိုးစုံ ခြိမ်းခြောက်ခံခဲ့ရ ကြောင်း လည်း သိရသည်။

“ ကျနော်သိရသလောက်ကတော့ အခု CDM လုပ်ထားတဲ့သူတွေကို နည်းမျိုးစုံ လိုက်ခြိမ်းခြောက် နေတယ်။ CDMလုပ်နေတဲ့သူတွေလည်း တခြားနေရာ ရှောင်နေရတယ်” ဟု ၎င်း ပြောပြချက် အရသိရသည်။

“ သူပုန်ကြောက်လို့ ထွက်မပြေးခဲ့ရဖူးဘူး။ စစ်တပ်ကြောက်လို့ထွက်ပြေးရတဲ့ အရာရှိ ဒီနေ့ သမိုင်းဝင်တယ်” ဟုလည်း ဦးဌေးလင်းဦး ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရာတွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသည့် နောင်ချို ဒေသခံပြည်သူများကို ဖမ်းဆီးရန်လည်း ကြိုးစားနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၁ရက် တွင် နောင်ချိုမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးဌေးလင်းဦး အပါအဝင် အဖွဲ့ဝင်(၅)ဦးသည် CDM ပါဝင်လာသည့် သူများဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...