Tuesday, January 27, 2026

ဘဏ်ဝန်ထမ်းများ အလုပ်မဆင်းသည့်အတွက် ဘဏ်ပိတ်ထားရ

စစ်အာဏာရှင် အစိုးရကို ဆန့်ကျင့်ဆန္ဒပြရာတွင် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများပါဝင်လာသဖြင့် ဘဏ်လုပ်ငန်းများ ပိတ်ဆိုင်းလိုက်ရသည့် အဆင့်ဖြစ်သွားကြောင်း စုံစမ်းသိရသည်။

ထိုထဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် တခြား မြို့ရှိ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများသည် စစ်အာဏာရှင် ဆန့်ကျင်မှု Civil Disobedience Movement (CDM) လှုပ်ရှားကာ အလုပ်မဆင်းကြသဖြင့် ဘဏ်ပိတ်ရသည့်အဆင့်ဖြစ်သွားကြောင်း သိရသည်။

လက်ရှိ အချိန်ထိ နိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ဘဏ်ပိတ်ဆိုင်းခြင်းကို ကြေညာထားခြင်းမရှိကြောင်းသိရသည်။

” ကျမ ဒီနေ့ ဘဏ်မှာ ငွေသွားထုတ်မလို့ CB ဘဏ်သွားတာ ပိတ်ထားတယ်။ ဘဏ်က ယာယီပိတ်မယ်ဆိုတာတော့ ကျမတို့လည်း မကြားမိပါဘူး”ဟု တောင်ကြီးဒေသခံ တစ်ဦး ကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး တပ်မတော်မှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် ပြည်သူများ အလုအယက် ဘဏ်အတွင်း ငွေထုတ်ခြင်းများစွာရှိခဲ့ပြီး၊ ဘဏ်တချို့ တရက်ပိတ်ဆိုင်းခဲ့ရသည်။

“ကျမတို့ ဘဏ်ဝန်ထမ်းတွေက CDM ထဲမှာ ပါလို့ ဘဏ်ပိတ်ထားရတယ်ထင်တယ် ” ဟု ဘဏ်ဝန်ထမ်း တဦးက ပြောသည်။

တပ်မတော်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ပြည်သူလူထုများ လူငယ်များ ကျောင်းသားသမဂ္ဂများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်

0
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...

တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

0
ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...