Wednesday, January 28, 2026

သျှမ်းပြည်နယ် ဝန်ကြီး ၃ ဦး နိုင်ငံခြားခရီးစဉ် သမ္မတရုံးပိတ်ပင်

အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်မည့် သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး (၃) ဦး အားညွှန်ကြားချက်နှင့် ကိုက်ညီမှုမရှိဟုဆိုကာ နိုင်ငံတော်သမ္မတရုံးမှ ခွင့်မပြုသည့် အကြောင်းကြားစာကို ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။


ဘေးကင်းစိတ်ချရသော အစားအသောက်ကိစ္စနှင့် ပတ်သက်၍ လေ့လာရေးခရီး သွားရောက်ရန်အတွက် ဇွန် လ ၃ ရက်နေ့မှ ၈ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်ခွင့်ပြုရန်တင်ပြခြင်းအပေါ် နိုင်ငံတော် သမ္မတ ရုံး၏ ညွှန်ကြားချက်နှင့် ကိုက်ညီ မှုမရှိသောကြောင့် ခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်ဟု ထုတ်ပြန်စာ အရ သိရသည် ။

အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗာလ အား သျှမ်းသံတော်ဆင့် မှဆက်သွယ်မေးမြန်းရာ ” ဒီကတင်လိုက်တာထင်တယ် အဲ့တာကို သူက ညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိဆိုပြီး သမ္မတရုံးကသွားခွင့်မပြုတော့ဘူး ။ ထွေထွေထူးထူး ဘာမှတော့ပြောဖို့မရှိပါဘူး ၊ ကျနော်တို့က နိုင်ငံတော်ရဲ့ ဝန်ထမ်းဖြစ်တယ်လေ ၊ နောက်ပြီး ဒီကအစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတရုံးကညွှန်ကြားတဲ့အ တိုင်းပဲပေါ့ ” – ဟု ၄င်းကပြန်လည် ဖြေကြားသည်။

ယင်းခရီးစဉ်တွင် အာခါ ၊ လားဟူ ၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး (၃) ဦးအပါအဝင် အဖွဲ့ဝင်(၉) ဦးအား နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားချက်နှင့် ကိုက်ညီမှု မရှိ သဖြင့် ခွင့်မပြုကြောင်း အကြောင်းကြား စာအား သျှမ်းပြည်နယ်အစိုးရအဖွဲ့မှတဆင့် ညွန်ကြားခဲ့ကြောင်း သိရှိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ် အမေရိကန်

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

0
တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။ SSPP /...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

0
သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...

NLD အစိုးရထိပ်ပိုင်း ခေါင်းဆောင်တချို့ တပ်မတော်ဖမ်းဆီး – ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဉီးမြင့်ဆွေကို ယာယီသမ္မတ တင်ထား

0
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များဖြစ်ကြသော နိုင်ငံတော် အတိုင်အပင်ခံ ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တချို့ကို ဖမ်းဆီးလိုက်လိုက် ပြီး ဒုတိယ သမ္မတ ၁ ...

ကိုယ်လိုချင်တဲ့ လူကိုပဲခေါ် ရင် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ အမည်ခံသက်သက်ပဲ

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပြီး ယင်းအစည်းအဝေးများတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့, ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး...

သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။ သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ...