Wednesday, January 28, 2026

သျှမ်းရှေ့ ကျန်းမာရေးဝန်ထမ်း ၁၆၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်‌ဆေး စတင်ထိုးပေး

သျှမ်းပြည်နယ် အရှေ့ပိုင်းတွင် ယနေ့(ဇန်နဝါရီ ၂၇ ရက်)၌ ကျန်းမာရေးဝန်းထမ် (၁၆၀၀ )ကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံပေးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုကာကွယ်ဆေးကို သျှမ်းပြည်အရှေပိုင်း တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် စတင်ထိုးပေးနေပြီဖြစ်ကြောင်း တာချီလိတ်ဆေးရုံအုပ် ဒေါက်တာလင်းထွဋ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကျနော်တို့ ကျိုင်းတုံးဆေးရုံနဲ့ တာချီလိတ်ဆေးရုံ တွေမှာ စတင်ထိုးနှံပေးနေပါပြီ။ ကျနော်တို့ လောဆယ် ပထဆုံးအသုတ်အနေနဲ့တော့ ကျန်းမားရေးဝန်ထမ်း ၁၆၅၂ ကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ လင်းထွဋ်ဦးက ပြောသည်။

ထိုကာကွယ်ဆေး ၁၆၀၀ ကျော်သည် သျှမ်းပြည်နယ် အရှေ့ပိုင်း ၁၁ မြို့နယ် မှ ကျန်းမာရေးဝန်ထတမ်းများဖြစ်ကြောင်း သိရသည်။

ထိုကိုဗစ် ၁၉ ကာကွယ်ဆေးကို ထိုးပြီးပါက အနည်းငယ်အဖျားရှိနိင်ကြောင်း နှင့် ကိုက်ခဲနိုင်င်ကြောင်းလည်း ဒေါက်တာလင်းထွဋ်ဦးက ပြောသည်။

“ အခုတော့ ကျန်းမားရေးဝန်ထမ်းတွေအားလုံးကို သင်တန်းတွေလည်းပေးပြီးပါပြီ ကာကွယ်ဆေးနဲ့ ပတ်သတ်ပြီးတော့။ တချို့သူတွေ အတွက်တော့ ဖျားတာနာတာတော့ရှိနိုင်တယ်။ ဒါပေမယ့် ရောက်တိုင်းတော့ မဖြစ်နိုင်ဘူး” ဟု ဒေါက်တာလင်းထွဋ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေချိန်တွင် ပြည်သူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါကို မပေါ့ဆရန်၊ အပြင်သွားတိုင်း Mask(နှာခေါင်းစည်း)တပ်ရန်၊ ထုံးစံအတိုင်း ကိုဗစ် ၁၉ ကို ကာကွယ်ကြပါရန် ဟု ဒေါက်တာလင်းထွဋ်ဦးက ထပ်လောင်းပြောသည်။


မြန်မာနိုင်ငံတွင် ယမန်နေ့(ဇန်နဝါရီ ၂၆)ရက် ည ၈နာရီတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာသစ် (၄၁၁)ဦး ရှိပြီး၊ သေဆုံးသူ (၁၃)ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

သျှမ်းအရှေ့သွားရာ ပြည်ထောင်စုလမ်းမကြီး အခြေအနေဆိုးရွားခြင်းကြောင့် ခရီးသည်ခက်ခဲ

0
သျှမ်းပြည် အ‌ရှေ့ပိုင်းသို့သွားရာ ပြည်ထောင်စုလမ်းမကြီးတကြောတွင် လမ်းအခြေအနေ ဆိုးရွားနေသဖြင့် ခရီးသွားများ အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရာ ပြည်ထောင်စုလမ်းမကြီးများသည် မိုးတွင်းကာလ တောင်ပြိုခြင်း၊ လမ်းချော်ခြင်းများ ဆိုးဆိုးရွားရွား လမ်းပျက်စီးနေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ကားသမားအချင်းချင်းကြား ကူညီဖြေရှင်းကြရပြီး၊ ခရီးသွားများလည်း အခက်အခဲဖြစ်နေကြောင်း...

မယ်ဆိုင်မြစ်ရေကြီးမှု သျှမ်းရှေ့ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုကြောင့်ဟု ထိုင်းအစိုးရ လေ့လာမှုများက ဖော်ပြ

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက်...

သျှမ်းပြည် အရှေ့ ရေကြီး၊မြေပြိုမှုကြား ကုန်စိမ်းများ ၃ဆ ထိမြင့်တက်

0
သျှမ်းပြည် အရှေ့ပိုင်းတွင် ဆိုးရွားစွာ ရေကြီးမြေပြိုမှု ကြုံရသည့် ကြား ကုန်စိမ်းများ သုံးဆထိ စျေးတင်ရောင်းချမှု ရှိနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေများ မြင့်တက်လာပြီး ရေကြီးမှုဖြစ်ပွားခဲ့သကဲ့သို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်တွင်နည်းတူ ရေကြီးမှုကြုံခဲ့ရသည်။ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်ခြမ်းမှ နေ့စဉ် ကုန်စိမ်း၊ အသား၊ ငါးများကို ဝယ်ယူ၍ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...