Thursday, April 25, 2024

ကျောက်မဲမြို့ စားသောက်ဆိုင်တွင် ပစ်ခတ်မှုဖြစ် လူငယ် (၂)ဦး ကျည်ထိ

Must read

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိစားသောက်ဆိုင် တွင် ထိုင်စားနေသည့် သူများကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ က ယနေ့ (ဇန်နဝါရီ ၂၅)ရက် ည ၈နာရီခွဲ၌ ဝင်ရောက်ပစ်ခတ်သွားခဲ့ပြီး အမျိုးသား ၂ဦး ဒဏ်ရာထိမှန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက် (၈) နယ်မြေ (၂) အောင်ဆန်းလမ်းပေါ်ရှိ M2Kစားသောက်ဆိုင်တွင် ထိုင်စားသောက်စကားပြောနေသည့် အမျိုးသား (၄)ဦးကို ဆိုင်ကယ်တစီး၊ လူ၂ဦး မှ လက်နက်ငယ်ဖြင့် (၇)ချက် ခန့် ပစ်ခတ်သွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အမျိုးသား (၂)ဦး ကျည်ထိမှန်ခဲ့ကြောင်း ကျောက်မဲမြို့ မရဲစခန်း မှစုံစမ်းသိရသည်။

အဆိုပါ ကျည်ထိမှန်သည့်သူဖြစ်သည့် အသက် (၂၀) အရွယ် ကိုလှိုင်းကျော်ထွန်း သည် ယာပေါင်ရင်း ကျည်ဖောက်ဝင်ဒဏ်ရာ တချက် ၊ ဝဲတင်ပါး ကျည်ဖောက်ဝင် ဒဏ်ရာ တချက် တို့ဖြစ်ပြီး၊ အသက် (၂၁)နှစ် အရွယ် ကိုအောင်သိန်းစိုး(ခ) သိန်းစိုး သည် ဝဲခြေကျင်းဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ တချက် တို့ရရှိခဲ့ပြီး၊ ဒဏ်ရာများမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။

လက်ရှိမှာ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်းသိရသည်။

ထိုလူငယ်များကို သေနတ်ပစ်ထွက်ပြေးသွားသည့် အမည်မသိ လက်နက်ကိုင် (၂)ဦးကို ကျောက်မဲမြို့မရဲစခန်းမှ ဆက်လက်ရှာဖွေနေဆဲ ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article