လက်ရှိအချိန်ထိ သျှမ်းပြည်တွင် ဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၉၆ ဦးရှိနေသေးကြောင်း စုံစမ်းသိရသည်။

ထိုဆေးရုံတက်နေသည့် ကိုဗစ်-၁၉ လူနာ( ၉၆) ဦးသည် သျှမ်းတောင် တွင်(၃၆)ဦး၊ သျှမ်းမြောက်တွင် (၅၄)ဦးနှင့် သျှမ်းရှေ့တွင် (၄)ဦးတို့ဖြစ်ကြောင်း သျှမ်းပြည် တောင်ကြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။
သျှမ်းပြည်တွင် ဇန်နဝါရီ ၂၃ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၁၁၅၁) ဦးရှိပြီး၊ထိုထဲတွင် လက်ရှိဆေးရုံတွင် ဆေးကုသခံယူနေသူ (၉၆) ဦးရှိပြီး သေဆုံးလူနာ ၄ ဦးရှိပြီးဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီ (၂၂)ရက်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရောက်ရှိပြီးဖြစ်ပြီး ဇန်နဝါရီ ၉(၂၇) ရက်တွင် ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရ အဖွဲ့ဝင်များကို ဦးစားပေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။











Leave a Comments