Wednesday, January 28, 2026

မူဆယ်မြို့ မီးသွေးတင် ယာဉ်မောင်းတဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင်အုပ်စုအနီးတွင် မီးသွေးတင်ဆောင်လာသည့် ကားဆရာတဦး ယမန်နေ့ မနက်၂နာရီခွဲတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့နယ် (၁၀၅) မိုင် အုပ်စု အောက်နမ့်ဟွမ်ကျေးရွာ ဘောလုံးကွင်းအနီးတွင် ဇန်နဝါရီ (၂၁) ရက် မနက် ၂ နာရီခွဲအချိန်တွင် မီးသွေးတင်ဆောင်လာသည့် ကားဆရာကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ဆိုင်ကယ် ၂ စီးကို ၃ ဦးစီးလာပြီး ကားကို ရပ်ခိုင်းပြီး ကားသမား၏ ပေါင်ကို သေနတ်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

“ဆိုင်ကယ်နဲ့ ၂ စီးလိုက်လာတယ်။ ၃ ယောက် လာတယ်။ တစ်ခါတည်း ကားရပ်ခိုင်းတယ် ကားမီးတွေ အကုန်ပိတ်ခိုင်းတယ်။ စက်တောင် မရပ်သေးဘူး ကားဆရာနားလာပြီး ပစ်တယ်” ဟု အမည်မဖော်လို သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူသည် အသက် (၄၀) ဝန်းကျင်ရှိပြီး လွယ်လောင်ကျေးရွာ ကောင်းဝိုင်းကျေးရွာအုပ်စု နမ့်ခမ်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ခု မူဆယ်ဆေးရုံမှာပါ။ ဒီနေ့ ခွဲစိတ်မှု ခံယူနေပါတယ်” ဟု အမည်မဖော်လိုသူ တစ်ဦး ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ မြန်မာ့တပ်မတော်များ နှင့် ပြည်သူ့စစ်များ လှုပ်ရှားရာ နယ်မြေများဖြစ်ပြီး၊ မကြာခဏ ဆက်ကြေးကောက်ခံရခြင်း၊ ကားသမားများ သေနတ်ပစ်ခံရခြင်းဖြစ်ခဲ့ပြီး တရားခံ တကြိမ်တခါမျှ မမိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...