Wednesday, January 28, 2026

မူဆယ်မြို့ နေအိမ်ထဲနေ အမျိုးသမီးတဦး ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ နေအိမ်တလုံး တွင် ယနေ့ (ဇန်နဝါရီ ၂၂)ရက် နေ့လည် ၁၂နာရီ အချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါနေအိမ်ထဲတွင် အမျိုးသမီး တဦးတည်းနေချိန် အမျိုးသား ၂ဦးက ဝင်ရောက်လာပြီး ဓားပြတိုက်ရန် ကြိုးစားရာ၊ အမျိုးသမီးမှ ပြန်လည်ခုခံလိုက်သဖြင့် အမျိုးသမီး ဦးခေါင်း (၄ချက်)ခုတ်ခံရပြီး၊ လက်ကျိုးသွားကြောင်း သိရသည်။

“ ဦးခေါင်း က ၄ချက်ခုတ်ခံရတယ်။ ဘယ်လက်ကျိုး၊ သွားကျိုးသွားတယ်။ ဒဏ်ရာက နည်းနည်းပြင်းတယ်။ အခု ဆေးရုံမှာ” ဟု တောင်ရပ်ကွက် ရာအိမ်မှူး စိုင်းမြတ်အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ဓားပြတိုက်ခံရသည့် အမျိုးသမီး ဦးခေါင်း ဒဏ်ရာ သည် အနည်းငယ်ပြင်းထန်နေကြောင်း၊ မျက်နှာလည်း ဒဏ်ရာရထားကြောင်း သိရသည်။

“လာတာတော့ အမျိုးသား၂ ယောက်လာတာ။ တစ်ယောက်ဖမ်းမိတယ်။ တစ်ယောက်လွှတ်နေတယ်။ ပစ္စည်းတော့ ဘာမှ မရသွားဘူး။ ဓားပြ တိုက်တဲ့သူက အဲ့အိမ်မှာ ကုန်တွေ လာထုပ်ပိုးပေးတဲ့ အလုပ်သမားပဲ” ဟု စိုင်းမြတ်အောင် ကပြောသည်။

လက်ရှိတွင် ဖမ်းမိထားသည့် အမျိုးသားတဦးကို မူဆယ်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး၊ လွှတ်နေသည့်အမျိုးသားကို လိုက်လံရှာဖွေနေဆဲဟု သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ မူဆယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...