Wednesday, January 28, 2026

သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ် (၈)ဦးတိုး

သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာသစ် (၈) ဦး တိုးလာကြောင်း စုံစမ်းသိရှိရသည်။

ထိုလူနာ (၈) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှ (၄) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) ၄ ဦး တု့ိဖြစ်ကြောင်း ဇန်နဝါရီ (၂၁) ရက် ည (၈) နာရီ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ (၂၀) ရက်နေ့အရ သျှမ်းပြည်တဝှမ်းတွင် ကူးစက်မြန် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၁၁၆၄) ဦး ရှိပြီး သေဆုံးသူ (၃) ဦး နှင့် ဆေးရုံဆင်းခွင့်ရသူ (၁၀၅၄) ဦး တို့ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေး ထုတ်ပြန်ချက်အရ ဇန်နဝါရီ (၂၁) ရက် ည (၈) နာရီတွင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ အတည်ပြု လူနာအသစ် ( ၄၄၅) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၆၅၉ ) ဦး နှင့် သေဆုံးသူ (၁၆) ဦး ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၁၃၆,၁၆၆) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၁၉,၉ ၇၃) ဦး နှင့် သေဆုံးသူ စုစုပေါင်း ( ၃၀၁၃) ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့ (ဇန်နဝါရီ ၂၂) ရက်တွင် ကိုဗစ်-၁၉ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရ အဖွဲ့ဝင်များအား ဦးစားပေး ထိုးနှံပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ လူနာ (၉၆) ဦးရှိ

0
လက်ရှိအချိန်ထိ သျှမ်းပြည်တွင် ဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၉၆ ဦးရှိနေသေးကြောင်း စုံစမ်းသိရသည်။ ထိုဆေးရုံတက်နေသည့် ကိုဗစ်-၁၉ လူနာ( ၉၆) ဦးသည် သျှမ်းတောင် တွင်(၃၆)ဦး၊ သျှမ်းမြောက်တွင် (၅၄)ဦးနှင့် သျှမ်းရှေ့တွင် (၄)ဦးတို့ဖြစ်ကြောင်း သျှမ်းပြည် တောင်ကြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။ သျှမ်းပြည်တွင် ဇန်နဝါရီ...

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းလျော့ကျလာသည့်အလျောက် ပြည်သူများ ပေါ့ဆမှုများနေ

0
မြန်မာနိုင်ငံသည် ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည့်အလျောက် ပြည်သူများလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ပေါ့ဆမှုများလာကြောင်း သတင်းရရှိသည်။ ယခုနောက်ပိုင်း မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း ပြည်သူများ အနေဖြင့် ကိုဗစ် -၁၉ စည်းကမ်းချက်ကို မပေါ့ဆဘဲ ဆက်ပြီး လိုက်နာစေလိုကြောင်း၊ Mask (နှာခေါင်းစည်း)...

သျှမ်တောင်တွင် ကိုဗစ်-၁၉ လူနာသစ် ၃ဦးတိုး

0
သျှမ်းတောင်တွင် ကိုဗစ်-၁၉ ကူးစက် လူနာသစ် (၃) ဦး တိုးလာကြောင်း စုံစမ်းသိရှိရသည်။ ထိုလူနာ (၃) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (တောင်ကြီး) မှ တွေ့ရှိပြီး ၎င်းတို့သည် ဓမ္မယာန (ကလော)၊ မိုးကုတ်ဝိပဿနာ (အောင်ပန်း) နှင့် လွိုင်လင်ပြည်သူ့ဆေးရုံ...

သျှမ်းပြည်တွင် ကိုဗစ်- ၁၉ လူနာသစ် ၁၀ ဦးထပ်မံတွေ့ရှိ

0
သျှမ်းပြည်တွင် ယမန့်နေ့ (ဇန်နဝါရီ ၁၈ ရက်) ၌ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၁၀ ဦးထပ်မံတွေ့ရှိကြောင်း သျှမ်းပြည်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက် အရသိရသည်။ ထိုပိုးတွေ့လူနာ ၁၀ ဦးမှာ သျှမ်းရှေ့ ( ၄) ဦးနှင့် သျှမ်းမြောက်( ၆ )ဦးတို့နှင့်...

သျှမ်းမြောက် ဆေးရုံတက် ကိုဗစ်- ၁၉ လူနာ ၂၀ ဦးထိရှိ

0
သျှမ်းပြည်မြောက်ပိုင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ထိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၀ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ သျှမ်းမြောက်ကိုဗစ်-၁၉ လူနာ ၂၀ဦးမှာ လာရှိုးမြို့ ဆေးရုံတွင် ဆေးကုသနေသူ ၁၀ ဦးနှင့် မူဆယ်ဆေးရုံတွင် ဆေးကုသနေသူ ၁၀ ရှိကြောင်းသိရသည်။ လာရှိုးမြို့တွင်...