Wednesday, January 28, 2026

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းလျော့ကျလာသည့်အလျောက် ပြည်သူများ ပေါ့ဆမှုများနေ

မြန်မာနိုင်ငံသည် ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည့်အလျောက် ပြည်သူများလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး ပေါ့ဆမှုများလာကြောင်း သတင်းရရှိသည်။

ယခုနောက်ပိုင်း မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း ပြည်သူများ အနေဖြင့် ကိုဗစ် -၁၉ စည်းကမ်းချက်ကို မပေါ့ဆဘဲ ဆက်ပြီး လိုက်နာစေလိုကြောင်း၊ Mask (နှာခေါင်းစည်း) များကို စနစ်တကျ တပ်စေလိုကြောင်း ဆရာဝန်များ နှင့် တောင်ကြီး ပရဟိတ အဖွဲ့များက ပြောဆိုလိုက်သည်။

“Mask တွေကို တပ်စေချင်တယ်။ လူစုလူဝေးတွေ မလုပ်စေချင်သေးဘူး။ ကူးစက်မှုကျဆင်းလာတယ်ဆိုတာ မကူးစက်တော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ကူးစက်မှုက ရှိနေအုံးမှာပဲ။ တချိန်ချိန်မှာ အစုလိုက် အပုံလိုက်မရှိဘူးလို့လည်းမပြောနိုင်ဘူးလေ။ ခေါင်းပြန်ထောင်လာရင် နောက်ကလိုက်ရတာ သိပ်ခက်ခဲတယ်” တောင်ကြီးမြို့နယ် ပြည့်သူကျန်းမားရေး ဦးစီဌာန ဒေါက်တာမိုးထွန်းက ပြောသည်။

ကိုဗစ် -၁၉ ကျဆင်းမှုများရှိလာသောကြောင့် ပြည်သူတချို့ ခရီးသွားလာမှုများရှိလာသလို တချို့ ပြည်သူများမှာ Mask တပ်ဆင်မှုမရှိဘဲ အပြင်သွားလာမှုများရှိနေသည်။

“ အခုလူတွေက ရေပေါ်ဈေးတို့ နီးစပ်ရာတွေ တောင်တက်တာတို့ လုပ်ကြတယ်။ ကျနော်တို့က ဒီချိန်မှာ မလုပ်သင့်သေးဘူးလို့ထင်တယ်။ ဘာလို့လည်းဆိုရင် ခုကိုဗစ် ကျနေချိန်မှာ မလိုလားအပ်တဲ့ ကိစ္စတွေ ပေါ်လာမှာ ဆိုးတယ်” ဟု တောင်ကြီးမြို့ စေတနာဝန်းထမ်း ပရဟိတ ကိုဝင်းနိုင်စိုးက သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း ယခု အခြေနေကို ကောင်းစွာ စောင့်ရှောက်သင့်ကြောင်း ကိုဝင်းနိုင်စိုးက ပြောသည်။

“ အခုချိန်မှာ က ကျဆင်းလာတာဟုတ်တယ်။ ဒီလိုအခြေနေကို ပြည်သူတွေက ကောင်းကောင်းစောင့်ရှောက် သင့်တယ်။ အခုက ပြည်သူတွေက ပေါ့ဆလာကြတယ်။ တချို့ ဆိုခရီးတိုတွေထွက်ကြတယ်” ဟု ကိုဝင်းနိုင်စိုးက ဆိုသည်။

ဆက်လက်ပြီး ခရီးများထွက်မည်ဆိုပါက ကိုဗစ်- ၁၉ နှင့်အညီ စည်းကမ်းချက်များကို လိုက်နာစေလိုကြောင်း ကိုဝင်းနိုင်စိုးက ထပ်လောင်းပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာသော်လည်း ပြည်သူများအနေဖြင့် မပေါ့ဆသင့်ဘဲ လျော့ကျလာမှုကို ဆက်လက်ထိန်းသည့်အနေဖြင့် လူစုလူဝေးများကို ရှောင်ရန်လိုအပ်သေးကြောင်း၊ အပြင်သွားတိုင်း Mask တပ်ခြင်းကို ပြုလုပ်သင့်ကြောင်းလည်း ဆရာဝန်များ နှင့် ပရဟိတများက ပြောဆိုလာကြပါသည်။

မြန်မာနိုင်ငံတွင် ယမန်နေ့ (ဇန်နဝါရီ ၂၁)ရက် ည ၈နာရီတွင်ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၇၈)ဦး ထပ်မံတွေ့ရှိပြီး၊ သေဆုံးသူ (၁၁)ဦးထိ လျော့ကျလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...