သျှမ်းပြည်တွင် ယမန့်နေ့ (ဇန်နဝါရီ ၁၈ ရက်) ၌ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၁၀ ဦးထပ်မံတွေ့ရှိကြောင်း သျှမ်းပြည်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ထိုပိုးတွေ့လူနာ ၁၀ ဦးမှာ သျှမ်းရှေ့ ( ၄) ဦးနှင့် သျှမ်းမြောက်( ၆ )ဦးတို့နှင့် သျှမ်းပြည်တောင်ပိုင်းတွင် မတွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ သျှမ်းရှေ့ ကိုဗစ် (၄)ဦးမှာ မိုင်းယောင်းမြို့နယ် အသွားအလာ ကန့်သတ်ထားသည့် ဆောက်လုပ်ရေး လုပ်သား (၉ )ဦး ကို စစ်ဆေးရာ အမျိုးသား (၄)ဦး ပိုးတွေ့ရှိပြီး၊ ထို ၄ ဦးထဲမှ တဦးသည် ရန်ကုန်မြို့နယ်မှ ပြန်လာသူဖြစ်ပြီး၊ ကျန် ၃ ဦးမှာ ဧရာဝတီတိုင်းဒေသကြီးမှ ပြန်လာသူများ ဖြစ်ကြောင်း ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမားရေးဦးစီးဌာန ရှမ်းပြည်နယ်၊ အရှေ့ပိုင်းက ထုတ်ပြန်ချက်အရသိရသည်။
သျှမ်းမြောက် ကိုဗစ် -၁၉ ပိုးတွေ့လူနာ (၆) ဦးမှာ မူဆယ်မြို့တွင် ၃ ဦးနှင့် လာရှိုးမြို့တွင် ၃ ဦးတို့ကို တွေ့ရှိခဲ့ကြောင်းသိရသည်။

လာရှိုးမြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့သူ ၃ ဦးတွင် Hotel Quarantine ဝင်ထားသူများဖြစ်ပြီး၊ ထို ၃ဦးထဲတွင် ရဲအုပ်တဦးပါဝင်ပြီး ထိုရဲအုပ်သည် ရန်ကုန်တိုင်းဒေသမှ လာရှိုးမြို့နယ်သို့ ပြောင်းရွှေ့လာသည့် ရဲအုပ်ဖြစ်ကြောင်းသိရသည်။
အလားတူ မူဆယ်မြို့တွင်လည်းကားဆရာ တဦးနှင့် မူဆယ်မြို့ တွင်နေထိုင်သည့် သက်ကြီးရွယ်အို ( ၂) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
သျှမ်းပြည်နယ်တွင် ဇန်နဝါရီ ၁၈ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၁၁၀၇)ဦးနှင့် လက်ရှိဆေးရုံတွင် ကုသနေသူ (၈၉)ဦးရှိပြီး သေဆုံးသူ (၃)ဦးရှိကြောင်း သျှမ်းပြည်နယ်၊တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမားရေးဦးစီဌာန ကထုတ်ပြန်ချက်အရသိရသည်။











Leave a Comments