Friday, April 26, 2024

သျှမ်တောင်တွင် ကိုဗစ်-၁၉ လူနာသစ် ၃ဦးတိုး

Must read

သျှမ်းတောင်တွင် ကိုဗစ်-၁၉ ကူးစက် လူနာသစ် (၃) ဦး တိုးလာကြောင်း စုံစမ်းသိရှိရသည်။

ထိုလူနာ (၃) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (တောင်ကြီး) မှ တွေ့ရှိပြီး ၎င်းတို့သည် ဓမ္မယာန (ကလော)၊ မိုးကုတ်ဝိပဿနာ (အောင်ပန်း) နှင့် လွိုင်လင်ပြည်သူ့ဆေးရုံ တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ (၁၈) ရက် စာရင်းအရ သျှမ်းပြည်တဝှမ်းတွင် ကူးစက်မြန် ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း (၁၁၄၁) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၀၄၃) ဦးကြောင်း သိရသည်။

သျှမ်းပြည်တဝှမ်းတွင် ကူူးစက်မြန် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ( ၉၈) ဦးရှိကြောင်း ဇန်နဝါရီ (၁၈) ရက် ရှမ်းပြည်နယ် အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေး ထုတ်ပြန်ချက်အရ ဇန်နဝါရီ (၁၉ ) ရက် ည (၈) နာရီတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာအသစ် (၄၄၈) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၄၅၇) ဦး နှင့် သေဆုံးသူ (၁၃) ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ( ၁၃၅,၂၄၃) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၁၁၈,၆၅၇) ဦး နှင့် သေဆုံးသူ စုစုပေါင်း (၂,၉၈၆) ဦး တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article