RCSS နှင့်TNLA စစ်ရေးတင်းမာနေသေး ကျောက်မဲစစ်ရှောင်များနေရပ်မပြန်ရဲ

RCSS/SSA နှင့် TNLA တို့သည့် ယနေ့ချိန်ထိ နှစ်ဖက်တပ် စစ်ရေး တင်းမာနေသေးသဖြင့် ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များနေရပ်မပြန်ရဲသေးကြောင်း သတင်းရရှိသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ ၂၀၂၀ခုနစ် ဒီဇင်ဘာ(၂၅)ရက်မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ကျောက်မဲမြို့ပေါ်တွင် စစ်ရှောင် (၁၀၀၀)ကျော် ရောက်ရှိလာပြီး စစ်ရှောင်စခန်း (၄)နေရာ ဖွင့်ခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (၂)ဖွဲ့ စစ်ရေး တင်းမာနေပြီး ၂ဘက်တပ်မှ နေရာယူထားသေးသဖြင့် ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်(၁၀၀၀) ကျော်နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

“စစ်ရှောင်တွေကတော့ မပြန်သေးဘူး။ ကျောက်မဲမြို့ပေါ်ရှိနေတုန်းပဲ။ တိုက်ပွဲတွေကတော့ ငြိမ်သွားတာ ကြာပြီ။ တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်ကြလို့ မပြန်ရဲကြသေးတာ။ ကျန်းမာရေး ရှုတောင့်ကနေပြီးကြည့်ရင်လည်း လက်ရှိ ကိုဗစ်-၁၉ ရောဂါကာလလည်း ဖြစ်နေတယ်ဆိုတော့ ကူးမှာလည်း စိုးရိမ်ရတယ်။” ဟု ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ကျောက်မဲပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်မြင့် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖက်တပ် မှ တိုက်ပွဲ ငြိမ်သက်သွားသော်လည်း စစ်ရေးတင်းမာနေမှုများကြောင်းလည်း သိရသည်။

“ခုက ကျောက်မဲ နဲ့ နမ္မတူဘက်ကတော့ တိုက်ပွဲတွေ ငြိမ်သက်သွားပါပြီ။ ကြီးကြီးမားမား တင်းမာမှု မရှိတော့ပေမယ့် ဒါပေမယ့် သတိထားပြီးတော့ လှုပ်ရှားရတယ်” RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

လက်ရှိတွင် RCSS နှင့် TNLA တို့ တိုက်ပွဲ တင်းမာမှုရှိပေမယ့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

“လက်ရှိ တိုက်ပွဲအခြေနေကတော့ တင်းမာနေတယ်။ ဒီ ၂ ရက် ၃ ရက်ကတော့ တိုက်ပွဲမရှိဘူး။” TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

RCSS/SSA နှင့် TNLA တို့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်း ဒေသခံနေအိမ် (၆၀) ကျော် ကျည်ထိမှန်ခဲ့ပြီး ဒေသခံ ရွာသားများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

RCSS/SSA နှင့် TNLA တို့သည် သျှမ်းမြောက် ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ်အတွင်း ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ရှောင် (၃၇၀၀) ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...