တောင်ကြီး ကိုဗစ်-၁၉ (RDT) စစ်ဆေးရေးဌာနတွင် ယနေ့ထိ ပိုးတွေ့လူနာမရှိသေး

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက် အစိုးရရုံဟောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ (RDT) စစ်ဆေးရေးဌာန၌ ယနေ့ထိ လာရောက်စစ်ဆေးသူများ ပိုးမတွေ့ရှိသေးကြောင်း စုံစမ်းသိရှိရသည်။


ထိုကိုဗစ် ၁၉ (RDT) စစ်ဆေးရေးဌာနသည် ဇန်နဝါရီ ၁၈ရက်နေ့မှ စတင်ဆေးစစ်ပေးခဲ့ပြီး၊ စစ်ဆေးသည့်အချိန်မှာ နံနက်(၉ နာရီခွဲ)မှ နေ့လည် ၁၂နာရီ တချိန်၊ နေ့လည် ၁နာရီ မှ မွန်းလွှဲ ၃နာရီခွဲ တချိန် စစ်ဆေးပေးကြောင်း၊ တရက်လျှင် အယောက် ၅၀ သာစစ်ဆေးပေးကြောင်း စုံစမ်းသိရသည်။

“ ဒီနေ့ထိတော့ ကိုဗစ်ပိုးတွေ့သူ မရှိသေးဘူး။ ဒီနေ့နဲဆိုရင် ၃ ရက်မြောက်ရှိပြီး။ တစ်ယောက်ကို ၁ သောင်းကျပ်ကုန်ကျပါတယ်။ ကိုယ့်ကိုယ်သံသရာရှိလို့ပဲဖြစ်ဖြစ် လာရောက်စစ်ကြပါတယ်” ဟု စစ်ဆေးရေးဌာနတွင် တာဝန်ကျနေသည့် အမျိုးသား တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


တောင်ကြီး ကိုဗစ်-၁၉ (RDT) စစ်ဆေးရာတွင် ခရီးသွားရန် အတွက် သာ စစ်ဆေးပေးတာမဟုတ်ကြောင်း ၊ကိုဗစ် ၁၉ ရှိ၊မရှိ သံသယရှိသူများလည်း စစ်ဆေးပေးနေကြောင်းသိရသည်။


“ ကျနော်တို့က ခရီးသွားဖို့စစ်ပေးတာတော့မဟုတ်ဘူး။ ဒါပေ့မယ့် လေကြောင်းလှိုင်းနဲသွားမယ့် ဆိုရင်‌တော့ ထောက်ခံချက်လုပ်ပေးတယ်။ ကားနဲ့ ဆိုင်ကယ်နဲသွားမယ့် သူဆိုရင်လည်း ထုတ်ပေးပါတယ်။ သူတို့က ရပ်ကွက်ထောက်ခံစာ တချက်ပြန်ယူရမှာပေါ့” ဟု ၎င်း အမျိုးသား ကပြောသည်။


သျှမ်းပြည်နယ်တွင် ဇန်နဝါရီ ၁၉ ရက်ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၁၁၁၇) ဦး နှင့် လက်ရှိဆေးရုံတွင် ကုသနေသူ (၉၂) ရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ပြည်နယ်ကုသရေးနှင့် ပြည်သူကျန်းမားရေးဦးစီးဌာန ကထုတ်ပြန်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...