Thursday, January 29, 2026

အသုံးပြုပြီးသည့် Mask (နှာခေါင်းစည်း)များ စည်းကမ်းမဲ့စွန့်ပစ်နေကြ

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ လရှည်ကြာ လာသည့်အလျောက် အသုံးပြုပြီးသည့် Mask (နှာခေါင်းစည်း)များသည် နေရာအနှံ့ စည်းကမ်းမဲ့ စွန့်ပစ်နေကြသည်။


ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကို ကာကွယ်သည့်အနေဖြင့် လူတိုင်း Mask ကို တပ်ဆင် အသုံးပြုကြသော်လည်း၊ အသုံးပြုပြီး Mask ကို စွန့်ပစ်သည့်အချိန်တွင် စနစ်တကျ မစွန့်ပစ်ဘဲ လမ်းမဘေး နှင့် မြစ်ချောင်းထဲသို့ စည်းကမ်းမဲ့ စွန့်ပစ်ထားသည်ကို သျှမ်းပြည်တဝှမ်းတွင် တွေ့မြင်နေရသည်။


“ ကိုဗစ် လရှည်လာတဲ့အလျောက် Maskတွေကလည်း နေရာအနှံ့ စည်းကမ်းမဲ့လွှင့်ပစ်နေကြတယ်။ အခု လမ်းတွေ တလျောက်မှာ သုံးပြီးတဲ့ Maskတွေ စည်းကမ်းမဲ့ လွှင့်ပစ်တာ တွေ့နေရတယ်။ ဒါတွေကို စနစ်တကျလွှင့်ပစ်ဖို့လိုတယ်” ဟု တောင်ကြီး ဒေသခံ နန်းဥမ္မာ က ပြောသည်။


Mask ကို စနစ်တကျ အသုံးပြုတက်အောင် လူမှုအဖွဲ့အစည်းများ၊ ဆရာဝန်များ ပညာပေးမှု ပြုလုပ်ခဲ့ပြီး၊ လက်ရှိမှာ အသုံးပြီး စွန့်ပစ်မည့် Maskကို စနစ်တကျ ပြန်စွန့်ပစ်တက်အောင် ပညာပေးထက်လုပ်ရန် လိုအပ်ကြောင်းလည်း နန်းဥမ္မာ က ပြောသည်။


“Mask စွန့်ပစ်တာ တဦးတယောက်ပေါ်မူတည်တယ်။ ကိုဗစ် ကလည်း ဘယ်လောက်ထိကြာမလဲတော့ မသိသေးဘူး။ ဒါကို ကျနော်တို့ကတော့ ပညာပေးအပိုင်းကို ဆက်ပြီးလုပ်သွားဖို့ရှိတယ်” ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးထွန်းကဆိုသည်။


Mask ကမ်ပိန်းများပြုလုပ်သည့်အချိန်တွင် Mask များကို စနစ်တကျ စွန့်ပစ်ပေးရန် မေတ္တာရပ်ခံထားကြောင်း၊ လက်ရှိမှာ Mask များကို သိမ်းဆည်းနိုင်ရန် စည်ပင် နှင့် ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း ဒေါက်တာမိုးထွန်း က ပြောသည်။


အသုံးပြုပြီးသည့် Mask များကို စနစ်တကျ မစွန့်ပစ်ပါက ထိုမှ တဆင့် ကိုဗစ်-၁၉ ကူးစက်နိုင်ကြောင်းလည်း ဆရာဝန်များ က ပြောဆိုသည်။


ထိုသို့ Mask ကို စနစ်တကျ စွန့်ပစ်ထားခြင်းမရှိပါက “ ဘယ်အမှိုက်မှ မကောင်းပါဘူး။ အဓိကတော့ Maskပေါ့။ တပ်ထားတဲ့ Mask ကနေပြီးတော့ တံတွေး၊ပိုးတွေကရှိနေပြီးလေ။ သူက တခြားအမှိုက်တွေနဲမတူဘူးလေ” ဟု ခိုလမ်း မြို့မှ ဆရာဝန် ဒေါက်တာ နန်းအေမြသီတာက ပြောသည်။


ထို့ကြောင့် အသုံးပြုပြီးဖြစ်သည့် Mask များကို စနစ်တကျ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပေးရန် လိုအပ်ကြောင်း လည်း ဆရာဝန်များက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...